
ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာသူများကို စိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။ ပုံနှိပ်ခြင်း လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ရယူထားသူ ဒေါ်ကြည်ပြာသွယ် (ဝင်းတိုးအောင်ပုံနှိပ်တိုက်) သည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(က)ပါ စည်းကမ်းချက်ကို လိုက်နာခြင်းမရှိဘဲ ယခင် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာနက ၃၀-၁၀-၁၉၈၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂/၈၁)ဖြင့် “ရှင်ဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒကို ရိုက်နှိပ်ဖြန့်ချိခြင်း၊ ကူးယူဖြန့်ချိခြင်းမပြုရန်” တားမြစ် ပိတ်ပင်ထားပြီးဖြစ်သည့်စာအုပ်ကို ပုံနှိပ်ဆောင်ရွက်ခဲ့သည့်အတွက် ၎င်းအား ထုတ်ပေးထားသည့် ပုံနှိပ်ခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ်ကို ၂၀၂၂ ခုနှစ်၊ ဧပြီလ (၇)ရက်နေ့မှစ၍ ရုပ်သိမ်း လိုက်ကြောင်းနှင့် ၎င်းပုံနှိပ်တိုက်အနေဖြင့် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာ တစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ မည်သည့်ထုတ်ဝေစာကိုမျှ ပုံနှိပ်ဆောင်ရွက်ခြင်းမပြုရန် အသိပေး ကြေညာအပ်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန