
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို (၃၁-၃-၂၀၂၂) ရက်နေ့မှ (၉-၄-၂၀၂၂) ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာစစ်ဌာန များ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ရာ စာမေးပွဲမတိုင်မီနှင့် စာမေးပွဲ ကာလတစ်လျှောက်လုံး အဆင်ပြေချောမွေ့စွာ ပြီးမြောက်စေရန် စောင့်ရှောက်ကူညီပံ့ပိုးပေးခဲ့ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ အစိုးရအဖွဲ့ဝန်ကြီးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ ဆရာဝန်များ၊ သူနာပြုများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့သားများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ အခြေခံပညာဦးစီးဌာနမှ ဆရာ ဆရာမများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသား ကျောင်းသူများ၊ ကျောင်းသား မိဘများ၊ ရပ်မိရပ်ဖများနှင့် အခြား ကျေးဇူးတင်ထိုက်သူများအားလုံးကို ပညာရေးဝန်ကြီးဌာနမှ အထူး လှိုက်လှဲစွာ ဂုဏ်ပြုကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါ သည်။
ပညာရေးဝန်ကြီးဌာန