တက္ကသိုလ်စာမေးပွဲများနှင့် တက္ကသိုလ်ဝင်စာမေးပွဲများဖြေဆိုနေမှု လှည့်လည်ကြည့်ရှု

 

ရန်ကုန်   မတ်    ၈ 


ပညာရေးဝန်ကြီးဌာန    ဒုတိယ ဝန်ကြီး    ဒေါက်တာ ဇော်မြင့်နှင့် အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်   ဒေါက်တာ သန်းဇော်ဦးတို့သည်  ဧပြီ ၄ ရက်မှ ဧပြီ ၇ ရက်အထိ   ရန်ကုန်တိုင်း ဒေသကြီး၊  ပဲခူးတိုင်းဒေသကြီး နှင့်  တနင်္သာရီတိုင်းဒေသကြီးတို့ရှိ တက္ကသိုလ်များတွင်   မဟာတန်း၊ မဟာအရည်အချင်း     စစ်တန်းနှင့် ဂုဏ်ထူးတန်း တတိယနှစ် စာမေးပွဲ ဖြေဆိုနေမှုများကို  လည်းကောင်း၊ အခြေခံပညာ    ကျောင်းများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှု များကိုလည်းကောင်း  လှည့်လည် ကြည့်ရှုအားပေးသည်။

 


ထိုသို့   လှည့်လည်ကြည့်ရှုရာ တွင် ဧပြီ ၄ ရက်တွင်  ရန်ကုန်တိုင်း ဒေသကြီး      ကမာရွတ်မြို့နယ် လေ့ကျင့်ရေး       အထက်တန်း ကျောင်း၊        ရန်ကင်းမြို့နယ် အမှတ်    (၁)      အခြေခံပညာ အထက်တန်းကျောင်း၊     ဒဂုံ တက္ကသိုလ်၊   ရန်ကုန်ပညာရေးတက္ကသိုလ်များကိုလည်းကောင်း၊ ဧပြီ ၅ ရက်တွင် ပဲခူးတိုင်းဒေသကြီး အင်းတကော်မြို့    အခြေခံပညာ အထက်တန်းကျောင်း၊    ပဲခူးမြို့ အမှတ်    (၁)     အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၅)အခြေခံပညာ   အထက်တန်း ကျောင်း၊     ပဲခူးတက္ကသိုလ်နှင့် လှည်းကူးပညာရေး ဒီဂရီကောလိပ် များကို လည်းကောင်း၊ ဧပြီ ၆ ရက် တွင်     တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ အမှတ်(၁) အခြေခံ ပညာ      အထက်တန်းကျောင်း၊ ထားဝယ်ပညာရေးဒီဂရီ ကောလိပ်၊ ထားဝယ်တက္ကသိုလ်      များကို လည်းကောင်း၊  ဧပြီ ၇ ရက်တွင် မြိတ်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊   ကျွဲကူး တပ်နယ်အခြေခံပညာ အထက်တန်း ကျောင်းနှင့်  မြိတ်တက္ကသိုလ်များ ကိုလည်းကောင်း    လှည့်လည် ကြည့်ရှုအားပေးကြောင်း    သိရ သည်။     
  

 သတင်းစဉ်