လူငယ်ရေးရာဦးစီးဌာန ဆိုင်းဘုတ်တင်ပွဲ/ ရုံးခန်းဖွင့်ပွဲနှင့် အလေးမအားကစားနည်းပြိုင်ပွဲအသွင်ဆန်းစစ်ပြိုင်ပွဲကျင်းပ

 

နေပြည်တော်   ဧပြီ   ၈


အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန လူငယ် ရေးရာဦးစီးဌာန  ဆိုင်းဘုတ်တင်ပွဲနှင့်  ရုံးခန်းဖွင့်ပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၄၅ မိနစ် တွင်    နေပြည်တော်   ဝဏ္ဏသိဒ္ဓိအားကစားကွင်း လူငယ်ရေးရာဦးစီးဌာနရုံး၌ ကျင်းပသည်။

 


 အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး   ဦးမင်းသိန်းဇံ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊   ဌာနခွဲများမှ   ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

 


ရှေးဦးစွာ   ပြည်ထောင်စုဝန်ကြီးက   လူငယ် ရေးရာဦးစီးဌာန ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်  ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြား ရေးမှူးချုပ်များက   ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ  လူငယ်ရေးရာဦးစီးဌာန ဆိုင်းဘုတ်ကို အမွှေးနံ့သာ ရည်ဖြင့် ပက်ဖျန်းပေးသည်။

 


ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လူငယ် များ၏ စွမ်းဆောင်ရည်၊ ကိုယ်ကျင့်တရား၊ တိုင်းချစ် ပြည်ချစ်စိတ်ဓာတ်၊ တာဝန်ယူမှု/တာဝန်ခံမှုများနှင့် လူငယ်များ     ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့သားကောင်းလူငယ်များဖြစ်လာစေရေး စနစ် တကျ ပြုစုပြိုးထောင်ပေးရမည်ဖြစ်ကြောင်း၊ လူငယ် များအကြား   အသိပညာနှင့်   ကိုယ်ကျင့်တရားများ  တိုးတက်မြင့်မားလာပြီး    ပြည်ထောင်စုစိတ်ဓာတ် အပြည့်ဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စဉ်များတွင် တက်တက်ကြွကြွ ပူးပေါင်းပါဝင်လာ နိုင်စေရေးအတွက်    လူငယ်ရေးရာဦးစီးဌာနတွင် အဓိကတာဝန်ရှိသည့်အတွက် ဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်စွာဖြင့်  မိသားစုအသွင်  ပွင့်ပွင့် လင်းလင်း ရင်းရင်းနှီးနှီး  အပြန်အလှန်ဆက်ဆံပြီး ကြိုးကြိုးစားစားဖြင့် ကြိုးပမ်းကာ စဉ်ဆက်မပြတ် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါရန်  မှာကြား သည်။

 


ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ သည် လူငယ်ရေးရာဦးစီးဌာနမှ ဌာနခွဲများဖြစ်သော စီမံခန့်ခွဲရေးနှင့်   ဘဏ္ဍာရေးဌာနခွဲ၊      မသန်စွမ်း လူငယ်ရေးရာဌာနခွဲ၊      သတင်းပြန်ကြားရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာနခွဲ၊ လူ့စွမ်းအားအရင်းအမြစ်လေ့ကျင့်ရေးနှင့် အသိပညာပေးဌာနခွဲများ၏ ရုံးခန်းများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန် ထမ်းဆောင်မည့် ဝန်ထမ်းများကိုတွေ့ဆုံ၍ ဝန်ထမ်း များအချင်းချင်း  မိသားစုစိတ်ဓာတ်နှင့် တစ်ဦးနှင့် တစ်ဦး အပြန်အလှန် လေးလေးစားစားဆက်ဆံ ကြရန်နှင့် ကျန်းမာရေးအထူးဂရုစိုက်၍ လုပ်ငန်းတာဝန် များကို ကျေပွန်အောင် ကြိုးကြိုးစားစားထမ်းဆောင် ကြရန် မှာကြားသည်။ 

 


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်  ဝဏ္ဏသိဒ္ဓိအားကစားကွင်း အလေးမအားကစားရုံ၌ လေ့ကျင့်လျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ  ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာ့လက်ရွေးစင်    အလေးမအားကစားသမား (အမျိုးသား/အမျိုးသမီး)များ၏ ဝိတ်တန်းအလိုက် ပြိုင်ပွဲအသွင် ဆန်းစစ်ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


သတင်းစဉ်