ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးကို လက်ခံတွေ့ဆုံ

 

နေပြည်တော်  ဧပြီ   ၈


လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန      ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်သည် ယနေ့မွန်းလွဲပိုင်းက   မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး ဗီနေးကူးမားကို  အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌         လက်ခံ တွေ့ဆုံသည်။

 


တွေ့ဆုံစဉ်     အိန္ဒိယနိုင်ငံ အစိုးရမှ မြန်မာနိုင်ငံတွင် လူထု အကျိုးပြုစီမံချက်များ ဆောင်ရွက် နေမှု၊   ရခိုင်ပြည်နယ်အတွက် ဝန်ကြီးဌာနနှင့်          နားလည်မှု စာချွန်လွှာ   လက်မှတ်ရေးထိုး၍ ဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင် ရွက်နေမှု၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော် အဆင့်ကော်မတီနှင့်   လုပ်ငန်း ကော်မတီများ  ဖွဲ့စည်းဆောင်ရွက် နေမှု၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုနယ်ပယ်တွင် အိန္ဒိယနိုင်ငံ ဘက်က နည်းပညာမျှဝေပေးနိုင်မှု၊ အာဆီယံက    မြန်မာနိုင်ငံသို့ လူသားချင်း  စာနာမှုအကူအညီ  (Phase-2)  ပေးအပ်ရန်အတွက် လက်ရှိညှိနှိုင်းနေသည့်  ဖြစ်ပေါ် တိုးတက်မှု၊ အိန္ဒိယနိုင်ငံက မြန်မာ နိုင်ငံသို့ လှူဒါန်းသော ဆန်နှင့် ဂျုံ များ ဆိပ်ကမ်းမှ အမြန်ထုတ်ယူ ရေးနှင့်           ဖြန့်ဝေရန်ကိစ္စများကို   ဆွေးနွေးခဲ့ကြသည်။      

သတင်းစဉ်