
နေပြည်တော် ဧပြီ ၈
ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန် အတွက် ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်း နှင့် တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသ ကြီး ပဲခူးမြို့ရှိ နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များတွင် မွေးမြူထားရှိသော DYL ဝက်မွေးမြူရေးခြံ၊ ဘဲမွေး မြူရေးခြံနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်