ရှမ်းပြည်နယ်အနေဖြင့်နိုင်ငံတော်၏စီးပွားရေးကို အဓိကအထောက်အကူပြုသည့် ပြည်နယ်ဖြစ်အောင် ဖော်ဆောင်နိုင်ရေး စုပေါင်းညီညာစွာဖြင့် ပြည်နယ်ကြီးဖွံ့ဖြိုးတိုးတက်ရန် ဌာနဆိုင်ရာများမှ မဆုတ်မနစ် ကြိုးစားသွားကြရန်လို

 

နေပြည်တော်    ဧပြီ    ၈


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည်     ယနေ့မွန်းလွဲပိုင်းတွင်    ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများအား တွေ့ဆုံအမှာစကားပြောကြားသည်။

 


အဆိုပါတွေ့ဆုံပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊    ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ   ဒုတိယဗိုလ်ချုပ်ကြီး  အောင်ဇော်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊   အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်   တိုင်းမှူး၊    ရှမ်း  ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့်   ပြည်နယ်အဆင့် ဌာန ဆိုင်ရာမှ   တာဝန်ရှိသူများ   တက်ရောက်ကြသည်။ 

 


ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်


ဦးစွာအစည်းအဝေးသို့ တက်ရောက်လာကြသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက တစ်ဦးချင်းအလိုက် မိတ်ဆက်ကြသည်။    ထို့နောက်   ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းကရှမ်းပြည်နယ် ၏   အုပ်ချုပ်ရေး  ၊ စီးပွားရေး၊   လူမှုရေး  စသည့် ဒေသဆိုင်ရာ  အခြေအနေများအား   ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြရာ     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ  ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သိရှိလိုသည်များ မေးမြန်း ပြီး  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ 

 


အမှာစကားပြောကြား


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ  ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က အမှာစကား ပြောကြားရာ၌ ရှမ်းပြည်နယ်အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကာလအတွင်းကိုဗစ်-၁၉ ကပ်ရောဂါ၏ ရိုက်ခတ်မှုကြောင့် စက်မှုလက်မှုကုန်ထုတ်လုပ်ငန်း များအပါအဝင် စီးပွားရေးလုပ်ငန်းများသည် အခြား သောတိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ကမ္ဘာ့နိုင်ငံ များအပေါ် အနည်းနှင့်အများဆိုသလို သက်ရောက် မှုရှိခဲ့၍ ရည်မှန်းထားသည့် GDP အောက် လျော့နည်း မှုဖြစ်ခဲ့ကြောင်း၊ ပြည်နယ်အတွင်း ရှိပြီးဖြစ်သော   အခြေအနေ  အခွင့်အလမ်းကောင်းများဖြင့်   GDP တိုးတက်ရရှိရေး  ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြ ရန်လိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍  ဒယ်တာ၊ အိုမီခရွန်လှိုင်းများကို သစ္စာရှိနိုင်ငံဝန်ထမ်း များ၊    ပြည်သူလူထု၏   ပေါင်းစည်းစွမ်းအားဖြင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းဆိုင်ရာ လုပ်ငန်းများ ကောင်းမွန်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အထူးသဖြင့် ကာကွယ်ဆေးထိုးနှံခြင်းကို    ဧပြီလကုန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှစ်ကြိမ်ပြီးစီးနိုင်ရေး ရည်မှန်းချက်ထား        ဖော်ဆောင်လျက်ရှိကြောင်း၊ အိုမီခရွန်လှိုင်းကို အတိုင်းအတာတစ်ခုအထိ ကြံ့ကြံ့ခံ နိုင်ခြင်းသည် ကာကွယ်ဆေး လက်ဦးမှုရယူထိုးနှံနိုင် ခဲ့မှုသည်လည်း အရေးကြီးသည့် အချက်တစ်ချက် အဖြစ်    ပါဝင်ပါကြောင်း၊    ကာကွယ်ဆေးများ လုံလောက်စွာရှိပြီးဖြစ်၍ ပြည်နယ်အတွင်း နှစ်ကြိမ် ပြည့်ထိုးနှံရန် ကျန်ရှိသူများကို အင်တိုက်အားတိုက် ဆက်လက်ထိုးနှံနိုင်ရေး   ပူးပေါင်းဆောင်ရွက်ရန် လိုကြောင်း။

 


ထိရောက်အကျိုးရှိစွာ အသုံးချ


ရှမ်းပြည်နယ်၏ မြေအသုံးချမှုတွင် မြေဧက ၃၈ ဒသမ ၅ သန်းကျော်အနက် အသားတင်စိုက်ပျိုးမြေမှာ ၃  ဒသမ  ၁ သန်းဧကကျော်ရှိ၍ ၁၀ ရာခိုင်နှုန်းခန့်သာ ရှိသဖြင့်    ထိရောက်အကျိုးရှိစွာ   အသုံးချနိုင်ရန် လိုကြောင်း၊ ဒေသအလိုက် စားရေရိက္ခာဖူလုံစေရေး အတွက် မျိုး၊ မြေ၊ ရေနှင့် စိုက်နည်းစနစ်တို့ မှန်ကန် ကောင်းမွန်စွာဖြင့် ဒေသအလိုက် သတ်မှတ်ထားသော ပန်းတိုင်အထွက်နှုန်းရရှိအောင်     ဆောင်ရွက်ရန် လိုကြောင်း၊ ရှိပြီးဖြစ်သည့် မြေကိုသီးထပ်၊ သီးညှပ် များဖြင့် အထွက်နှုန်းမြင့်မားအောင် ဆောင်ရွက်ခြင်း သည် မြေယာအသစ် ဖော်ထုတ်လုပ်ကိုင်ခြင်းထက် အကျိုးများနိုင်ကြောင်း၊   ဒေသတွင်းသီးနှံအထွက် ဖူလုံမှသာ ပြင်ပသို့ တင်ပို့ရောင်းချနိုင်ပြီး တစ်ဦးချင်း ဝင်ငွေ တိုးတက်ရရှိမှုမှတစ်ဆင့် ငွေကြေးလည်ပတ် စီးဆင်းမှု မြင့်မားစေမည်ဖြစ်ကြောင်း။

 


ကာကွယ်တားဆီးထိန်းသိမ်း


အလားတူ မွေးမြူရေးကဏ္ဍတွင်လည်း အသား၊ ငါးနှင့်   ဥထုတ်လုပ်မှုများကိုဖူလုံရန်အပြင်   ပိုလျှံ အောင် ကြိုးပမ်းရန်နှင့် တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများကို စွမ်းဆောင်ရည်မြင့် နည်းပညာများဖြင့် ပြန်လည်  အသုံးချနိုင်ရေး ဆောင်ရွက်ရန်မှာလည်း အရေးကြီး ကြောင်း၊ ထို့အပြင် သစ်တောကြိုးဝိုင်း/ပြင်များမှ တရားမဝင်သစ်ခိုးထုတ်မှုများအပြင်      မြေပေါ် မြေအောက်  သယံဇာတခိုးထုတ်မှုများကို သက်ဆိုင် ရာ တာဝန်ရှိဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသခံ များဖြင့်  ပူးပေါင်း၍  ကာကွယ်တားဆီးထိန်းသိမ်း သွားရမည်ဖြစ်ကြောင်း။

 


နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်သည့် ဆီ၂ ဆီ ကိစ္စနှင့် ပတ်သက်၍လည်း စားသုံးဆီအသုံးပြုမှု လျှော့ချရန်လိုသလို ပြည်တွင်းစားသုံးဆီ ဖူလုံပိုလျှံ ရန်  လိုအပ်ကြောင်း၊         ပြည်တွင်းဆီထွက်သီးနှံ တိုးတက်ထုတ်လုပ်မှုကို တိုးမြှင့်ခြင်းဖြင့် ကျန်းမာ ရေးအတွက် အထောက်အကူပြုနိုင်သကဲ့သို့ ပြည်ပမှ စားသုံးဆီတင်သွင်းမှုကို လျှော့ချနိုင်မှာဖြစ်၍ နိုင်ငံ ခြားငွေသုံးစွဲမှုကို အတိုင်းအတာတစ်ခုအထိ ချွေတာ နိုင်မည်ဖြစ်ကြောင်း၊   အလားတူ စက်သုံးဆီသုံးစွဲမှု ကိုလည်း ခြိုးခြံချွေတာသုံးစွဲခြင်းဖြင့် နိုင်ငံခြားငွေ သုံးစွဲမှုကိုလည်း လျှော့ချနိုင်မည်ဖြစ်ပါကြောင်း။

 


ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်


ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်း များ   အောင်မြင်စွာ  အကောင်အထည်ဖော်ရာတွင် ပြည်ထောင်စုဝန်ကြီးဌာနများနှင့်   ပြည်နယ်အစိုးရ တို့၏ ချမှတ်ပေးသော ရည်မှန်းချက်များနှင့်အညီ ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုဖြင့် ကြိုးပမ်း အကောင်အထည်ဖော်ရန်လိုကြောင်း၊   နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်ပါ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ နှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ    လွတ်လပ်ပြီး   တရားမျှတသော   ရွေးကောက်ပွဲကျင်းပရာတွင်   မဲခိုးမှု၊   မဲမသမာမှု စသောဖြေရှင်းမရသည့် ရှုပ်ထွေးမှုများ မဖြစ်ပေါ် စေရန် ပန်းခင်းစီမံချက်ကို အလေးထားအကောင်အထည်ဖော်လျက်ရှိကြောင်း၊ အိမ်ထောင်စုစာရင်း မှန်ကန်ရေး၊   နိုင်ငံသားစိစစ်ရေးကတ်   မှန်ကန်စွာ  ရရှိရေးတို့အတွက် သက်ဆိုင်ရာ တာဝန်ရှိဌာနဆိုင်ရာ များက  ဆောင်ရွက်လျက်ရှိပြီး မဲစာရင်းမှန်ကန်ရေး အတွက်လည်း            အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊      လူဝင်မှု ကြီးကြပ်ရေးနှင့်           ပြည်သူ့အင်အားဝန်ကြီးဌာန၊ နည်းပညာအထောက်အကူပြုအဖွဲ့များဖြင့် အသေး စိတ် ပြန်လည်စိစစ်ပြီးနောက် ရပ်ကွက်၊ ကျေးရွာ  အထိ အိမ်ထောင်စုတစ်စုချင်းအလိုက် တစ်အိမ်တက်၊ တစ်အိမ်ဆင်းစနစ်ဖြင့်        မဲစာရင်းမှန်ကန်စေရေး ရည်ရွယ်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်အစိုးရ အဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်အတွင်း တာဝန်ပေး အပ်လာပါက       ဝိုင်းဝန်းပူးပေါင်းပါဝင်ကြရန် လိုကြောင်း။      

 


ဝင်ငွေတိုးတက်ရရှိမည်


ပြည်နယ်အတွင်း   စားရေရိက္ခာဖူလုံမှုမှ  ပိုလျှံ အောင်ဆောင်ရွက်၍     ပြင်ပသို့   တင်ပို့ရောင်းချနိုင် အောင် ဆောင်ရွက်ခြင်းဖြင့် ဝင်ငွေတိုးတက်ရရှိမည် ဖြစ်ရာ တစ်ဦးချင်းဝင်ငွေ တိုးမြှင့်ရန် ကြိုးပမ်းရမည် ဖြစ်ကြောင်း၊ တစ်ဦးချင်းဝင်ငွေတို့မှ သတ်မှတ်ထား သော အခွန်အခများပေးဆောင်ခြင်းဖြင့် နိုင်ငံ့ဝန်ကို ထမ်းရာရောက်ပြီး နိုင်ငံတော်အနေဖြင့်လည်း ဝင်ငွေ ရရှိကာ   လည်ပတ်ငွေ   များလာမည်ဖြစ်ကြောင်း၊ ကုန်စည်ထုတ်လုပ်ရာတွင်   ကုန်ကြမ်းရောင်းချခြင်း ထက် နည်းပညာဖြင့်ကြံဆ၍ တန်ဖိုးမြှင့်ထွက်ကုန် (Value added)ရရှိရန် ကြိုးစားရမည်ဖြစ်ကြောင်း၊ဌာနဆိုင်ရာများအနေဖြင့်လည်း နိုင်ငံတော်အတွက် လုပ်ငန်းအရ           ဝင်ငွေရှာဖွေပေးသောဌာနနှင့် ဝန်ဆောင်မှုပေးသောဌာနဟူ၍ရှိပြီး   ဝင်ငွေရှာဖွေ ပေးရသော ဌာနများအနေဖြင့်လည်း မှန်မှန်ကန်ကန် ဖြင့်   ဆောင်ရွက်ရန်လိုပြီး  အခွန်အခမှစ၍ ဝင်ငွေရ လုပ်ငန်းများအား အပြည့်အဝရရှိရေး တိကျမှန်ကန် စွာ ဆောင်ရွက်သွားရန်လိုသလို မလိုအပ်ဘဲ အသုံး စရိတ်များခြင်း၊ ပြုန်းတီးခြင်းမရှိအောင်လည်း စိစစ် သုံးစွဲကြမှာဖြစ်ကြောင်း၊  သို့မှသာ  ဒေသနှင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်   အရေးကြီးသည့် ကျန်းမာရေး၊ ပညာရေးနှင့် လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများ    စသည့်ဝန်ဆောင်မှုလုပ်ငန်းများကိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်နယ်အနေဖြင့် နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်ခဲ့သည့် အမျိုးသား ရေးလုပ်ငန်းစဉ်ဖြစ်သော တိုင်းပြည်သာယာဝပြော ရေးနှင့်     စားရေရိက္ခာဖူလုံရေးကို    အလေးထား လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊      နိုင်ငံရေး လုပ်ငန်းစဉ်အဖြစ် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့်  ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်မှုတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးသည် မဖြစ်မနေလိုအပ်၍ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနှင့်     ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီအဆင့်ဆင့်     ဖွဲ့စည်းကာ ညှိနှိုင်းရေးကော်မတီအနေဖြင့်   သက်ဆိုင်ရာပါတီ များ၊ NCA လက်မှတ်ရေးထိုးပြီးနှင့် ရေးထိုးရန်ညှိနှိုင်း ဆဲ  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ရှမ်းပြည်နယ်သည် အိမ်နီးချင်းနိုင်ငံတို့နှင့် ထိစပ် သော နယ်နိမိတ်များရှိ၍ ဌာနအကြီးအကဲများ အနေဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု မထိခိုက်စေရန် နှင့် နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁ ပါ နိုင်ငံခြားရေးမူဝါဒကို သိရှိလိုက်နာရန်လိုကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူ အားလုံး အနိမ့်ဆုံး KG+9 အထိ မဖြစ်မနေသင်ကြားတတ်မြောက်နိုင်ရေး      စီမံဆောင်ရွက်ပေးရန် လိုကြောင်း၊   ရှမ်းပြည်နယ်အနေဖြင့်  နိုင်ငံတော်၏ စီးပွားရေးကို          အဓိကအထောက်အကူပြုသည့် ပြည်နယ်ဖြစ်အောင်   ဖော်ဆောင်နိုင်ရေး    စုပေါင်း ညီညာစွာဖြင့်   ရှမ်းပြည်နယ်ကြီး ဖွံ့ဖြိုးတိုးတက်ရန် ဌာနဆိုင်ရာများမှ မဆုတ်မနစ် ကြိုးစားသွားကြရန် လိုကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။


သတင်းစဉ်