
နယူးဒေလီ ဧပြီ ၇
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၀၃၃ ဦးထပ်မံတွေ့ရှိလာသဖြင့် ဧပြီ ၇ ရက်အထိ ကိုဗစ်-၁၉ ကူးစက်ခံရသူအရေအတွက် စုစုပေါင်းမှာ ၄၃၀၃၁၉၅၈ ဦးရှိလာပြီဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံး ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။
ထို့အပြင် အိန္ဒိယနိုင်ငံ၌ ဧပြီ ၆ ရက် နံနက်ပိုင်းမှ စတင်ကာ ကမ္ဘာအနှံ့ကူးစက်ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါကြောင့် ထပ်မံသေဆုံးသူ ၄၃ ဦး ရှိလာသောကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူအရေအတွက်စုစုပေါင်းမှာ ၅၂၁၅၃၀ ရှိလာပြီဖြစ်သည်။
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရသူ ၂၃၂ ဦး ကျဆင်းလာသော်လည်း စုစုပေါင်းကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရသူ ၁၁၆၃၉ ဦးရှိနေဆဲဖြစ် သည်။ အိန္ဒိယနိုင်ငံ၌ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရသူအရေအတွက် ကျဆင်းနေသည်မှာ ၇၂ ရက်မြောက်ရှိပြီ ဖြစ်သည်။
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရပြီး ပြန်လည်ကျန်းမာ၍ ဆေးရုံမှ ဆင်းခွင့်ရသူအရေအတွက်မှာ ၁၂၂၂ ဦးရှိလာ သောကြောင့် စုစုပေါင်း ပြန်လည်ကျန်းမာလာသူ အရေအတွက်မှာ ၄၂၄၉၈၇၈၉ ဦးရှိလာပြီဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ