ကျန်းမာရေးဝန်ကြီးဌာန ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်ခံရသူများကို ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်    ဧပြီ  ၇


ကျန်းမာရေးဝန်ကြီးဌာန ဂုဏ်ထူး ဆောင်တံဆိပ်  ချီးမြှင့်ခံရသူများ ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျန်းမာရေးဝန်ကြီး ဌာန ရုံးအမှတ်(၄) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားတွင်      ပြည် ထောင်စုဝန်ကြီး      ဒေါက်တာ သက်ခိုင်ဝင်းက   ယနေ့ဂုဏ်ပြု ခြင်းခံရသည့်     ပုဂ္ဂိုလ်များနှင့် ထပ်တူ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား စဉ်ကာလအတွင်း ရောဂါဖြစ်ပွားမှု လှိုင်းများကို   ရင်ဆိုင်ဖြတ်ကျော် ရသည့်အခါတွင်     မည်သည့် အကြောင်းကြောင့်ဖြင့်မဆို မိမိတို့ စောင့်ရှောက်ပေးနေရသည့် လူနာ များကို စွန့်ခွာမသွားဘဲ ကျန်းမာ ရေးဝန်ထမ်းများ၏ ကျင့်ဝတ်နှင့် အညီ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို   မပျက်မကွက် ဆောင်ရွက်ပေးကြသော ကျန်းမာ ရေးဝန်ထမ်းများနှင့်    လက်ရှိ တာဝန်        ထမ်းဆောင်နေသူ ကျန်းမာရေး       ဝန်ထမ်းများကို လည်း     အထူးပင်ကျေးဇူးတင် ဂုဏ်ပြုပါကြောင်း။

 


ကျန်းမာရေး   ဝန်ထမ်းများ အပေါ်  အကြမ်းဖက်မှုများကြောင့် အသက်ဆုံးရှုံးမှုများနှင့်      ထိခိုက် ဒဏ်ရာများရရှိခဲ့သူ ကျန်းမာရေး ဝန်ထမ်းများကိုလည်း နိုင်ငံတော် အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏   (၄-၁-၂၀၂၂) ရက်စွဲပါ   အမိန့်ကြော်ငြာစာဖြင့် ရဲသူရနှင့်   ရဲဗလဘွဲ့တံဆိပ်များ ချီးမြှင့်ခဲ့ပါကြောင်း၊ အကြမ်းဖက် မှုကြောင့်          သေဆုံးခဲ့သူ ရှမ်းပြည်နယ်      (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် ကုသရေးဦးစီး ဌာနမှူး ဒေါက်တာဝင့်ဝင့်မြိုင်ကို ရဲသူရတံဆိပ် ချီးမြှင့်ခဲ့ခြင်းဖြစ်၍ အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ သူများဖြစ်သည့် သားဖွားဆရာမ တစ်ဦး၊     ညစောင့်   တစ်ဦး၊ အထွေထွေလုပ်သား   တစ်ဦး၊ ဆေးခန်းစောင့်    တစ်ဦးနှင့် အကြမ်းဖက်မှုကြောင့်    ထိခိုက် ဒဏ်ရာရရှိခဲ့သည့်    အမျိုးသမီး ကျန်းမာရေးဆရာမ      တစ်ဦး၊ ကျန်းမာရေးကြီးကြပ်-၁ တစ်ဦး၊ ဆေးဘက်ကျွမ်းကျင်-၃ တစ်ဦး၊ ကျန်းမာရေးကြီးကြပ်-၂ တစ်ဦး၊ ဆေးဘက်ကျွမ်းကျင်-၄   တစ်ဦး စုစုပေါင်း   ကျန်းမာရေးဝန်ထမ်း ၁၀   ဦးကိုလည်း   ရဲဗလတံဆိပ် ချီးမြှင့်ခဲ့ခြင်းဖြစ်ပါကြောင်း။ 

 


ယခုကဲ့သို့    ချီးမြှင့်ခဲ့သည့် အတွက် ကျန်းမာရေးဝန်ထမ်းများ အနေဖြင့်       အကြမ်းဖက်မှုများ ကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းများအတွက် နိုင်ငံတော် အနေဖြင့် မိသားစုများနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်းနှင့် သေဆုံး၊ ဒဏ်ရာရရှိသူများအတွက် အသိအမှတ်ပြု  ဂုဏ်ပြုကြောင်း ကို  ဖော်ပြခဲ့ခြင်းဖြစ်ပြီး  ကျန်းမာ ရေး  ဝန်ကြီးဌာနအနေဖြင့်လည်း သေဆုံး၊   ဒဏ်ရာရရှိသူများ၏ မိသားစုများနှင့်ထပ်တူ ဝမ်းနည်း ရပါကြောင်းနှင့်    ကျန်းမာရေး ဝန်ထမ်းများအပေါ် အကြမ်းဖက်မှု များကိုလည်း ပြင်းထန်စွာ ရှုတ်ချ ပါကြောင်း။

 


ယနေ့တွင်    ဂုဏ်ပြုခြင်းခံရ သည့် စီမံထူးချွန်တံဆိပ် (ဒုတိယ အဆင့်)နှင့်      (တတိယအဆင့်) ချီးမြှင့်အပ်နှင်းခံရသည့်   ပုဂ္ဂိုလ် များအနေဖြင့်     ရှေ့ဆက်လက်၍ ကျန်းမာရေး     စောင့်ရှောက်မှု လုပ်ငန်းများ  ဆောင်ရွက်ရာတွင် ယခုထက် ပိုမိုကြိုးစားဆောင်ရွက် ကြရန်နှင့် နိုင်ငံတော်နှင့် ပြည်သူ လူထုအကျိုးကို ရှေးရှု၍ လုပ်ငန်း များကို စွမ်းစွမ်းတမံ ဆက်လက် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါ ကြောင်း၊ နိုင်ငံတော်က ပေးအပ်သည့် စွမ်းဆောင်မှုဆိုင်ရာ  ဘွဲ့တံဆိပ် များရရှိကြမည့် အနာဂတ်မျိုးဆက်  သစ် ကျန်းမာရေးဝန်ထမ်းကောင်း များစွာ      ပေါ်ထွက်လာစေရေး အတွက်ကိုလည်း    ဆောင်ရွက် ပျိုးထောင်ပေးကြရန်     ဖြစ်ပါ ကြောင်း ပြောကြားသည်။

 


ဆက်လက်၍ အစီအစဉ်အရ ကျန်းမာရေး       ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ပါမောက္ခ ဒေါက်တာ      သက်ခိုင်ဝင်းက စီမံထူးချွန်တံဆိပ် (ဒုတိယဆင့်)နှင့် (တတိယဆင့်)ရရှိသည့်ပုဂ္ဂိုလ် များကို အမှတ်တရလက်ဆောင် နှင့်    ချီးမြှင့်ငွေများကိုလည်း ကောင်း၊ ရဲသူရတံဆိပ်ချီးမြှင့်ခံရ သည့် ပုဂ္ဂိုလ်အတွက် အမှတ်တရ လက်ဆောင်နှင့်    ချီးမြှင့်ငွေများ အား ကိုယ်စား လက်ခံရယူပေးသူ ကုသရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်ကိုလည်းကောင်း၊  ရဲဗလ တံဆိပ်  ချီးမြှင့်ခံရသည့်    ပုဂ္ဂိုလ် ၁၀  ဦးအတွက်   အမှတ်တရ လက်ဆောင်နှင့်   ချီးမြှင့်ငွေများ အား ကိုယ်စားလက်ခံရယူပေးသူ ပြည်သူ့ကျန်းမာရေး        ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်   ကိုလည်း ကောင်း ပေးအပ်သည်။ 

 


အဆိုပါ      အခမ်းအနားသို့ ကျန်းမာရေး      ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခ ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊   ဒုတိယပါမောက္ခချုပ် များ၊  တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးများ၊   ညွှန်ကြားရေး မှူးများနှင့်    တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း   သိရ သည်။                      

သတင်းစဉ်