ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သောင်းကျန်းသူအဖွဲ့ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သည့် မောင်တောမြို့နယ် ထန်းချောင်းတံတားကို ပြန်လည်ပြုပြင်

 

နေပြည်တော်  ဧပြီ   ၇


ARSA    အစွန်းရောက်   ဘင်္ဂါလီအကြမ်းဖက် သောင်းကျန်းသူအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး ခဲ့ခြင်းကြောင့်    ပျက်စီးခဲ့သည့်    ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ       ကြိမ်ချောင်း-တောင်ပြိုသွား ကားလမ်းပေါ်ရှိ ထန်းချောင်းတံတား ကို  ယနေ့တွင် မောင်တောမြို့နယ် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက        ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 


အဆိုပါ ထန်းချောင်းတံတားသည် အလျား ပေ ၅၀၊  အနံ ၁၆ ပေ   သံကူကွန်ကရစ်တံတားအမျိုး အစားဖြစ်ပြီး တံတားအား ဧပြီ ၆ ရက် ည ၇ နာရီခန့် တွင်    ARSA   အစွန်းရောက်   ဘင်္ဂါလီအကြမ်းဖက် သောင်းကျန်းသူအဖွဲ့က         မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ရာ        တံတားထိပ်ဝဲဘက်ခြမ်းပျက်စီး ခဲ့ကြောင်း  သိရသည်။  အဆိုပါ    ဖြစ်စဉ်နေရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက       နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

သတင်းစဉ်