ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး မစ္စတာ ဗီနေးကူးမား ကို လက်ခံတွေ့ဆုံ

 

နေပြည်တော်    ဧပြီ   ၇


ပညာရေးဝန်ကြီးဌာန       ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ နိုင်ငံ သံအမတ်ကြီး မစ္စတာ ဗီနေးကူးမား ကို  ယနေ့ မွန်းလွဲ ၃နာရီက  ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 


တွေ့ဆုံစဉ် အခြေခံပညာ၊ အဆင့်မြင့်ပညာနှင့် ဆရာအတတ်ပညာကဏ္ဍများရှိ  ဆရာ  ဆရာမများ အရည်အသွေး မြှင့်တင်ရေးကိစ္စရပ်များ၊ သုတေသန ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူ ပညာတော်သင်များ တိုးမြှင့်ခေါ်ယူနိုင်ရေးကိစ္စရပ်များ၊ သင်ရိုးညွှန်းတမ်း ရေးဆွဲရေးဆိုင်ရာ သင်တန်းများ၊ သိပ္ပံနှင့်နည်းပညာ ဆိုင်ရာ သင်တန်းများ၊ စီးပွားရေးနှင့် စီမံခန့်ခွဲရေး ဆိုင်ရာ သင်တန်းများ၊ အင်္ဂလိပ်စာသင်တန်းများနှင့် ပညာရေးနှင့်   နည်းပညာ  စသည့်ကဏ္ဍအသီးသီး တွင်    ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို   ရင်းနှီးပွင့်လင်းစွာ   ဆွေးနွေးခဲ့ကြ သည်။

သတင်းစဉ်