မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် အခြေခံအုတ်မြစ်ချသည့်အဆင့်ကို ဖော်ဆောင်ပြီးဖြစ်၍ အလုံးစုံဖွံ့ဖြိုးတိုးတက်မှုအဆင့်သစ်သို့ ရောက်ရှိနေ

 

နေပြည်တော်   ဧပြီ   ၇


နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး ထွဋ်သည်   ယနေ့မွန်းလွဲပိုင်းတွင်   တရုတ်ပြည်သူ့ သမ္မတနိုင်ငံ    ယူနန်ပြည်နယ်    ပြည်သူ့အစိုးရမှ ကျင်းပသည့်   (၆) နှစ်မြောက်    မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု   ရက်သတ္တပတ် (၂၀၂၂)ဖွင့်ပွဲ အခမ်းအနားသို့   ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်     ပါဝင် တက်ရောက်သည်။

 


အခမ်းအနားတွင်    ယူနန်ပြည်နယ်     ပြည်သူ့ အစိုးရ  ဒုတိယအုပ်ချုပ်ရေးမှူး H.E. Ren Jun Hao၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး ထွဋ်နှင့်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ   နိုင်ငံခြားရေး ဝန်ကြီးဌာန   အာရှရေးရာဌာနမှ   Counselor Mr. Liang Jianjun တို့က အမှာစကားများ ပြောကြားကြ ပြီး  ကူမင်းမြို့အခြေစိုက်  မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု  အဖွဲ့ဝင်နိုင်ငံများမှ   ကောင်စစ်ဝန်ချုပ် များနှင့်  ကိုယ်စားလှယ်များ  ပါဝင်တက်ရောက်ကြ သည်။

 


အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် က  မဲခေါင်-လန်ချန်း   ပူးပေါင်းဆောင်ရွက်မှုတွင် ယူနန်ဒေသသည်  အိမ်နီးနားချင်းနိုင်ငံများနှင့်  ခိုင်မာ သည့်  သမိုင်းကြောင်းချိတ်ဆက်မှုနှင့်   အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုတို့ကြောင့် အရေးကြီးသည့်  အခန်း ကဏ္ဍမှ ပါဝင်နေကြောင်း၊  လန်ချန်း-မဲခေါင်မြစ်သည် ဒေသတွင်းပြည်သူများ၏  အသက်သွေးကြောအဖြစ် သာမက      “Shared River,  Shared Future” မိသားစုစိတ်ဓာတ်ကို  ဖြစ်ပေါ်စေကြောင်း၊   မဲခေါင်-လန်ချန်း  ဒေသအတွင်း ငြိမ်းချမ်းရေး၊  သာယာဝပြော ရေးနှင့်      စဉ်ဆက်မပြတ်      ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖော်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံတွင်  ကျင်းပခဲ့ သော (၁၇) ကြိမ်မြောက်  အာဆီယံ-တရုတ် ထိပ်သီး အစည်းအဝေးတွင်  အစပြုခဲ့သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင်  ပထမအကြိမ် နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးကျင်းပခြင်းဖြင့်    စတင်အသက်ဝင် ခဲ့ကြောင်း၊   မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု သည် မဲခေါင်-လန်ချန်းဒေသ၏ လက်ရှိနှင့် အနာဂတ် စိန်ခေါ်မှုများကို စုပေါင်းအားဖြင့် ကျော်လွှားရာတွင် အလွန်အရေးကြီးသည့် အစဉ်အလာ ချစ်ကြည်ရင်းနှီး မှု၊    စည်းလုံးညီညွတ်မှု၊     မိသားစုစိတ်ဓာတ်တို့ကို အားသစ်လောင်းစေခဲ့ကြောင်း၊   ယနေ့အချိန်တွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် အခြေခံ အုတ်မြစ်ချသည့်အဆင့်ကို    ဖော်ဆောင်ပြီးဖြစ်၍ အလုံးစုံဖွံ့ဖြိုးတိုးတက်မှုအဆင့်သစ်သို့  ရောက်ရှိနေ ပြီဖြစ်ကြောင်း ပြောကြားသည်။

 


ဆက်လက်၍ ဒုတိယဝန်ကြီးက  မြန်မာနိုင်ငံသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု စတင်ခဲ့သည့် မတ်လကျရောက်တိုင်းတွင်  အဖွဲ့ဝင်နိုင်ငံများနည်းတူ အထိမ်းအမှတ်လှုပ်ရှားမှုများ   ဆောင်ရွက်ခဲ့ကြောင်း၊ ယခုနှစ်တွင် ကျရောက်သော (၆) နှစ်မြောက် နှစ်ပတ် လည်နေ့ အထိမ်းအမှတ်အဖြစ်     မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုများ   တီဗွီအစီ အစဉ်နှင့်  မဲခေါင်-လန်ချန်း  အထူးရန်ပုံငွေစီမံကိန်း ဖြစ်သည့်   အဖွဲ့ဝင်နိုင်ငံများ၏  လူငယ်များအကြား ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်တွင်  ပါဝင်သူများ ရေးဖွဲ့ထားသည့်    မဲခေါင်-လန်ချန်း သီချင်းတို့ကို မီဒီယာများတွင် ထုတ်လွှင့်ပြသခဲ့ကြောင်း၊ မဲခေါင်-လန်ချန်း  ပူးပေါင်းဆောင်ရွက်မှု     မြန်မာအဆင့်မြင့် အရာရှိကြီး ရေးသားသည့် မဲခေါင်-လန်ချန်းမူဝါဒနှင့် စိတ်ဓာတ်တို့၏   အရေးကြီးမှုကို  ဖော်ညွှန်းထားသော ဆောင်းပါးကို သတင်းစာများတွင်  ထည့်သွင်းဖော်ပြ ခဲ့ကြောင်း၊ မဲခေါင်-လန်ချန်း  ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့်      အကောင်အထည်ဖော်သည့် စီမံကိန်းများမှ ပြည်သူများအပေါ်  အကျိုးဖြစ်ထွန်းစေ ခဲ့သည့် မှတ်တမ်းအဖြစ် “A Success Story of MLC in Myanmar”   စာအုပ်အား    ပုံနှိပ်ထုတ်ဝေနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းကိုလည်း ပြောကြား ခဲ့သည်။  ထို့အပြင်  ဒုတိယဝန်ကြီးက တရုတ်နိုင်ငံအား မဲခေါင်-လန်ချန်း  ဒေသတစ်ခုလုံးဖွံ့ဖြိုးတိုးတက်ရေး အတွက်  မဲခေါင်-လန်ချန်း  ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေသို့      ရန်ပုံငွေထည့်ဝင်ခြင်းအတွက် လည်းကောင်း၊  မြန်မာနိုင်ငံအတွက်  အထူးရန်ပုံငွေ စီမံကိန်းပေါင်း  ၇၃ ခုကို      အတည်ပြုပေးခဲ့သည့် အတွက်လည်းကောင်း         ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 


ယူနန်ပြည်နယ်           ဒုတိယအုပ်ချုပ်ရေးမှူးက မိန့်ခွန်းပြောကြားရာတွင် မဲခေါင်-လန်ချန်း  ပူးပေါင်း ဆောင်ရွက်မှုတွင် ယူနန်ပြည်နယ်ပူးပေါင်းပါဝင်နိုင် ရန်   ကာလရှည်ကြာစွာ    ပံ့ပိုးကူညီခဲ့ကြသူများ အားလုံးကို ကျေးဇူးတင်ရှိကြောင်း၊  ယူနန်ပြည်နယ် နှင့် မဲခေါင်နိုင်ငံများသည် ကူးစက်ရောဂါ  ကာကွယ် ခြင်းနှင့်    ကျန်းမာရေးစောင့်ရှောက်မှု၊    စီးပွားရေး ပြန်လည်ထူထောင်မှုနှင့်    ဒေသတွင်း    ချိတ်ဆက်မှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင် ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်လျက်ရှိကြောင်း၊    မဲခေါင်နိုင်ငံများမှ ကျောင်းသားများအား  ယူနန်ပြည်နယ်  အစိုးရပညာ သင်ဆု ပေးအပ်ခြင်းနှင့် မဲခေါင်-လန်ချန်း  နိုင်ငံများ အကြား ယဉ်ကျေးမှုဖလှယ်ရေးကို တိုးမြှင့်ဆောင်ရွက် ခြင်းတို့က  ပူးပေါင်း‌ဆောင်ရွက်မှုလုပ်ငန်းစဉ်  ဖွံ့ဖြိုး တိုးတက်ရေးအတွက်  အမြော်အမြင်၊  ခိုင်မာရင့်သန် စေရန် စုပေါင်းအားထုတ်မှုကို  ဖြစ်ပေါ်စေခဲ့ကြောင်း ထည့်သွင်းပြောကြားသည်။

 


မဲခေါင်-လန်ချန်း   ပူးပေါင်းဆောင်ရွက်မှုတွင် အဖွဲ့ဝင်နိုင်ငံများအနေဖြင့်  ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊  မြန်မာ၊  ထိုင်းနှင့်  ဗီယက်နမ်နိုင်ငံတို့ပါဝင်ပြီး ဒေသတွင်းငြိမ်းချမ်းရေးနှင့်      သာယာဝပြောရေးတို့ကို ဖော်ဆောင်သွားရန်၊  ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်များကို    လျှော့ချရန်နှင့်        ဒေသတွင်း နိုင်ငံများ၏ အလုံးစုံပါဝင်သော   စဉ်ဆက်မပြတ်  ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရေး   ကြိုးပမ်းမှုများကို  အထောက်အကူပြုရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။    


 သတင်းစဉ်