ထုတ်ဝေခြင်းလုပ်ငန်း အသိအမှတ်ပြုလက်မှတ် ရုပ်သိမ်းကြောင်း အသိပေး​ကြေညာခြင်း

 

ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေ ခြင်း လုပ်ငန်းဥပဒေ၊    နည်းဥပဒေများနှင့်အညီ    လုပ်ငန်း အသိအမှတ်ပြုလက်မှတ်   လျှောက်ထားလာသူများကို စိစစ်ခွင့်ပြုပေးလျက်ရှိပါသည်။   ထုတ်ဝေခြင်းလုပ်ငန်း     အသိအမှတ်ပြုလက်မှတ် ရယူထားသူ ဒေါ်လှိုင်လှိုင်သင်း (ရွှေလာဘ်စာပေတိုက်) သည်    ပုံနှိပ်ခြင်းနှင့် ထုတ်ဝေ ခြင်းလုပ်ငန်းဥပဒေပုဒ်မ ၈၊  ပုဒ်မခွဲ(ဂ)ပါစည်းကမ်းချက်ကို   လိုက်နာခြင်းမရှိဘဲ    ညစ်ညမ်းစာများကို    ထုတ်ဝေ ဆောင်ရွက်ခဲ့သည့်အတွက်   ၎င်းအား ထုတ်ပေးထားသည့်  ထုတ်ဝေခြင်းလုပ်ငန်း         အသိအမှတ်ပြုလက်မှတ်ကို ၂၀၂၂ခုနှစ်၊ ဧပြီလ  ( ၅ ) ရက်နေ့မှစ၍   ရုပ်သိမ်းလိုက် ကြောင်းနှင့်       ၎င်းစာပေတိုက်အနေဖြင့်      မီဒီယာ အမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာ တစ်ရပ်ရပ်ကို   အသုံးပြု၍ဖြစ်စေ   ရေးသားထုတ်ဝေ ဆောင်ရွက်ခြင်းမပြုရန် အသိပေးကြေညာအပ်ပါသည်။

ပြန်ကြားရေးဝန်ကြီးဌာန