
လေးမျက်နှာ ဧပြီ ၆
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးပွဲကို ယမန်နေ့က စာရေးကွင်းကျေးရွာအုပ်စု စာရေးကွင်းကျေးရွာရှိ ကွင်းအမှတ်(၁၂၂၃)၊ ဦးပိုင်အမှတ် (၂၆) တောင်သူ ဦးဌေးအောင်၏ လယ်ယာမြေ သုံးဧကတွင် ကျင်းပသည်။
သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးပွဲတွင် စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်စီးမှူး ဦးစောဝင်းရွှေက သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာမြေများတွင် အချိန်တိုကာလအတွင်း သစ်စိမ်းမြေသြဇာ၊ ဇီဝမြေသြဇာနှင့် သစ်ဆွေးဓာတ်များ ရရှိနိုင်ကြောင်း၊ ပိုက်ဆံလျှော်သီးနှံ စိုက်ပျိုးရာတွင် ရာသီဥတုအခြေအနေပေးပါက တစ်ဧကလျှင် သစ်စိမ်း မြေသြဇာ ၅ ဒသမ ၇ တန်မျှရရှိနိုင်ပြီး ပုလဲဓာတ်မြေသြဇာ တစ်အိတ်မှ သုံးအိတ်နှင့်ညီမျှသော နိုက်ထရိုဂျင်ဓာတ်များ ရရှိနိုင်ကြောင်း၊ ပိုက်ဆံ လျှော်သီးနှံစိုက်ပျိုးခြင်းဖြင့် လယ်ယာမြေအတွင်းရှိ ပေါင်းပင်များကိုနှိမ်နင်းနိုင်ပြီး အကျိုးပြုဗက်တီးရီးယားများ၊ မြေဆီလွှာအတွင်းရှိ အကျိုးပြုသက်ရှိများကိုလည်း အသက်ရှင်တိုးပွားစေနိုင်ကြောင်း ပြော ကြားသည်။ ထို့အတူ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)စိုက်ပျိုးခြင်းဖြင့် ဓာတ်မြေသြဇာသုံးစွဲမှုကို လျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ရှိ မြေဆီလွှာနှင့်ရေတို့ကို ဓာတုအဆိပ်သင့်မှုလျော့နည်းစေကာ မြေဆီလွှာ ၏ ချဉ်ငံဓာတ်ကိုလည်း ထိန်းညှိပေးသည့် အကျိုးကျေးဇူးများ ရရှိနိုင် ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ကျော်ဟိန်း(ပြန်/ဆက်)