ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ ဗီနေးကူးမားအား လက်ခံတွေ့ဆုံ

 

နေပြည်တော်   ဧပြီ     ၆


နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဦးဝဏ္ဏမောင်လွင်သည်  ယနေ့  မွန်းလွဲ ၁၂ နာရီခွဲတွင် မြန်မာနိုင်ငံဆိုင်ရာ  အိန္ဒိယသံအမတ်ကြီး  မစ္စတာ  ဗီနေးကူးမားကို     နေပြည်တော်ရှိ  နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

 


အမြင်ချင်းဖလှယ်ဆွေးနွေး


တွေ့ဆုံစဉ်   ပြည်ထောင်စုဝန်ကြီးက    သံအမတ်ကြီးအား   ပြည်ထောင်စုသမ္မတ      မြန်မာနိုင်ငံဆိုင်ရာ   အိန္ဒိယနိုင်ငံသံအမတ်ကြီးအဖြစ်  ခန့်အပ်တာဝန်ပေးခြင်းခံရသည့် အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားပြီး   မြန်မာ-အိန္ဒိယ  နှစ်နိုင်ငံအကြား  ရှိရင်းစွဲချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ပိုမို တိုးမြှင့်ရေး၊  ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက် မှု တိုးမြှင့်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍    ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။  

 
သတင်းစဉ်