
ကဘူးလ် ဧပြီ ၅
ဧပြီ ၄ ရက်ကတည်းက အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း ဘာဒါခ်ရှန်း၊ ကွန်ဒူဇ်နှင့် အရှေ့ပိုင်း ဂါဇနီပြည်နယ်များ၌ ဆင်းရဲချို့တဲ့သော မိသားစုဝင် ၇၀၀၀ ကျော် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လက်ခံရရှိကြောင်း တာဝန်ရှိသူများက ပြောကြား သည်။
မိတ်ဖက်အဖွဲ့အစည်းများနှင့် အကူအညီပေး ရေး အေဂျင်စီတို့မှ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ဧပြီ ၄ ရက်က စတင်ထောက်ပံ့ ပေးခဲ့ကြောင်း၊ ဧပြီ ၅ ရက်အထိ ဆင်းရဲချို့တဲ့သော မိသားစုဝင် ၁၀၀၀ ခန့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လက်ခံရရှိခဲ့ပြီဖြစ်ကြောင်း သဘာဝ ဘေး စီမံခန့်ခွဲမှုနှင့် လူသားချင်းစာနာမှု ဆိုင်ရာ ပြည်နယ်ညွှန်ကြားရေးမှူးဖြစ်သူ အာရမ် အက်ဘာရီက ပြောကြားသည်။
အဆိုပါထောက်ပံ့မှုတွင် ဆန်အိတ်၊ ဂျုံအိတ်၊ ဟင်းချက်ဆီနှင့် မီးဖိုချောင်သုံးပစ္စည်းများ ပါဝင် ပြီး ၎င်းတို့ကို လိုအပ်သော မိသားစုဝင်များထံ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ၎င်းက ထပ်ပြောသည်။ ဧပြီ ၄ ရက်ကတည်းက မြောက်ပိုင်းကွန်ဒုပြည်နယ် တွင် ဆင်းရဲချို့တဲ့သော မိသားစုဝင် ၃၀၀ အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ လက်ခံရရှိပြီး ဖြစ်ကြောင်း ဧပြီ ၅ ရက်က ပြည်နယ်အုပ်ချုပ်ရေး အရာရှိဖြစ်သူ အက်ဒူလ်ဝလီ မိုဟာမက်ဒီက ပြောကြားသည်။
ထို့ပြင် အရှေ့ပိုင်း ဂါဇနီပြည်နယ်မှ ဆင်းရဲ ချို့တဲ့သော မိသားစုဝင်များအတွက် လိုအပ်သော စားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးခဲ့ ကြောင်း ကျေးလက်ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရ သည်။ အဆိုပါထုတ်ပြန်ချက်တွင် ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့ကြီးသည် ကျေးလက်ပြန်လည်ထူထောင် ရေးနှင့် ဖွံ့ဖြိုးရေးဌာနနှင့် ပူးပေါင်းပြီး ဂါဇနီပြည်နယ် ဂျဂေါ်ရီခရိုင်ရှိ ဆင်းရဲချို့တဲ့သော မိသားစုဝင် ၅၈၀၀ ကို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ဖော်ပြ ထားသည်။
စစ်ဘေးသင့်ခံရသော နိုင်ငံလူဦးရေ ၃၅ သန်း အနက် ၂၂ သန်း ကျော်သည် အစာရေစာ ပြတ်လပ် ခြင်းနှင့် ကြုံတွေ့နေရကြောင်း၊ လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ထောက်ပံ့ခြင်း မပြု လျှင် အာဖဂန်နစ္စတန်နိုင်ငံအနေဖြင့် အဆိုပါကပ်ဘေး နှင့် ကြုံတွေ့ရဖွယ်ရှိကြောင်း အကူအညီပေးရေး အေဂျင်စီအစီရင်ခံစာအရ သိရသည်။ ဆင်ဟွာ