ဘွဲ့လွန်ဆေးပညာသင်ကြားရေးအဖွဲ့ အစည်းအဝေး (၁/၂၀၂၂) ကျင်းပ

 

 

နေပြည်တော်    ဧပြီ    ၅
ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာ ရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီး ဌာန      ဆေးတက္ကသိုလ်များနှင့် ဆေးပညာ     နှီးနွှယ်တက္ကသိုလ် များတွင်    ၂၀၂၂      ပညာသင်နှစ် ဘွဲ့လွန်ဆေးပညာ    သင်တန်းများ    ဖွင့်လှစ်ရန် “ဘွဲ့လွန်  ဆေးပညာ သင်ကြားရေးအဖွဲ့ အစည်းအဝေး (၁/၂၀၂၂)”    ကို    ယနေ့နံနက် ၁၀ နာရီက အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌      ကျင်းပ သည်။ 
အစည်းအဝေးသို့     ကျန်းမာ ရေး ဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး   ဒေါက်တာ   သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး       ဒေါက်တာ အေးထွန်း၊   ဌာနဆိုင်ရာ  အရာရှိ ကြီးများ၊     ဆေးတက္ကသိုလ်များ၊ ဆေးပညာ နှီးနွှယ်တက္ကသိုလ်များ၊ တပ်မတော်     ဆေးတက္ကသိုလ်၊ တပ်မတော်သူနာပြုနှင့် ဆေးဘက် ပညာတက္ကသိုလ်မှ ပါမောက္ခချုပ် များ၊ ဘွဲ့လွန်ဆေးပညာ သင်ကြား ရေး  အဖွဲ့ဝင်   ပါမောက္ခ/ဌာနမှူး များနှင့်   တာဝန်ရှိသူများ   တက် ရောက်ကြသည်။ 
ပြန်လည်အကျိုးပြုစေလို
အစည်းအဝေးတွင်        ပြည် ထောင်စုဝန်ကြီးက ကျန်းမာရေး  လူ့စွမ်းအားအရင်းအမြစ်   ဦးစီး ဌာန၊    ဆေးတက္ကသိုလ်များနှင့် ဆေးပညာ    နှီးနွှယ်တက္ကသိုလ် များတွင်  ဖွင့်လှစ်ရန်  ကျန်ရှိနေ သော          ဘွဲ့ကြိုသင်တန်းများ အားလုံးကို  ၂၀၂၂  ခုနှစ် ဧပြီနှင့် မေလတို့တွင်     ဖွင့်လှစ်မည်ဖြစ် ကြောင်း၊    ၂၀၂၀    ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင် သူများအတွက် ဆေးတက္ကသိုလ် များနှင့်        ဆေးပညာနှီးနွှယ် တက္ကသိုလ်များသို့     တက်ခွင့်ရ စာရင်း မကြာမီထုတ်ပြန်သွားမည်  ဖြစ်ကြောင်း၊  ယခုနှစ်  ၂၀၂၂  ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ   ဖြေဆို အောင်မြင်သူများအတွက်   ဆေး တက္ကသိုလ်များနှင့်   ဆေးပညာ   နှီးနွှယ်တက္ကသိုလ်များသို့   ဝင်ခွင့် ရွေးချယ်ရာတွင်       ဆရာဝန် စိတ်ဓာတ်        အပြည့်အဝရှိပြီး စေတနာ၊ ဝါသနာနှင့် ပြည့်စုံသည့်  ဆေးပညာရှင်နှင့်     သွားဘက် ဆိုင်ရာ       ဆေးပညာရှင်များကို မွေးထုတ်နိုင်ရန်     ရည်ရွယ်၍ ခြောက်ဘာသာပေါင်း    ရမှတ် အပေါ်အခြေခံပြီး သုံးဘာသာရမှတ် ပေါင်းဖြင့် စိစစ်ရွေးချယ်ပြီး ဝင်ခွင့် စာမေးပွဲ     ဖြေဆိုရွေးချယ်သော   စနစ်ဖြင့်   ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ နိုင်ငံတော်၏  ပံ့ပိုးမှုဖြင့်  ပညာသင်ကြား  ပို့ချပေးခြင်းဖြစ် သည့်အတွက်ကြောင့် ဘွဲ့ရရှိပြီး ပါက နိုင်ငံတော်နှင့်  ပြည်သူလူထု အတွက်  ကျန်းမာရေးစောင့်ရှောက် မှုပေးခြင်းဖြင့် ပြန်လည်အကျိုး ပြုစေလိုပါကြောင်း။
ကျန်းမာရေး    လူ့စွမ်းအား  အရင်းအမြစ်  ဦးစီးဌာနအောက်ရှိ  ဆေးတက္ကသိုလ်များနှင့်      ဆေး ပညာ နှီးနွှယ်တက္ကသိုလ်များတွင် ဘွဲ့လွန်သင်တန်းများကို  ၁၉၆၄ ခုနှစ်တွင်     စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် အထိ ဖွင့်လှစ်ပို့ချခဲ့သော ဘွဲ့လွန်  သင်တန်းများမှ ဒီပလိုမာဘွဲ့ရရှိ သူပေါင်း ၃၇၂၇  ဦး၊ ဆေးပညာ မဟာသိပ္ပံဘွဲ့ရရှိသူပေါင်း ၁၀၉၃၆  ဦး၊ ပါရဂူဘွဲ့ရရှိသူပေါင်း ၁၅၀၆ ဦး    မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊      ယခုနှစ်      ဘွဲ့လွန်ဆေးပညာ သင်တန်းများကို       တက္ကသိုလ် အလိုက်      ဝင်ခွင့်ခေါ်ယူရာတွင် လည်း     ကုသရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး   ဦးစီးဌာန အပါအဝင် ကျန်းမာရေးဝန်ကြီး ဌာနအောက်ရှိ    ဦးစီးဌာနများမှ လိုအပ်ချက်များ၊ ပြင်ဆင်တိုးချဲ့ ထားသော     ဖွဲ့စည်းပုံများနှင့် ကိုက်ညီမှုရှိစေရန်  ညှိနှိုင်းဆောင် ရွက်ရန်             လိုအပ်ကြောင်း၊ တက္ကသိုလ်များတွင်   တက်ရောက် လျက်ရှိသော     ကျောင်းသား ကျောင်းသူများနှင့်   သင်ကြားရေး  ဆေးရုံများတွင်    တာဝန်ထမ်း ဆောင်လျက်ရှိသော   အလုပ်သင် ဆရာဝန်များအား အထူးဂရုစိုက် ပေးရန်နှင့်   ဆေးပညာလေ့လာ သင်ယူနိုင်ရေးအတွက်     လိုအပ် သည့်  သင်ထောက်ကူပစ္စည်းများ နှင့်   တက္ကသိုလ်  ပတ်ဝန်းကျင် ကောင်းများ ရရှိအောင် ဆောင် ရွက်ပေးစေလိုကြောင်း၊ ပညာရပ် ပိုင်းဆိုင်ရာ အရည်အသွေး ပြည့်မီ စေရန် သင်ကြားပေးရုံမျှမကဘဲ  ကျင့်ဝတ်ပိုင်းဆိုင်ရာ    များကိုပါ သင်ကြားလေ့ကျင့်ပေးရန် လိုအပ် ကြောင်း ပြောကြားသည်။ 
ရှင်းလင်းတင်ပြ
ထို့နောက်      ကျန်းမာရေး ဝန်ကြီးဌာန   ဒုတိယဝန်ကြီးနှင့် ကျန်းမာရေးလူ့စွမ်းအား အရင်း အမြစ်ဦးစီးဌာန    ညွှန်ကြားရေးမှူး ချုပ်တို့က     ဘွဲ့လွန်ဆေးပညာ သင်တန်းများ ဖွင့်လှစ်ရေးဆိုင်ရာ ကိစ္စရပ်များကို    လည်းကောင်း၊  ဘွဲ့လွန်ဆေးပညာ သင်ကြားရေး အဖွဲ့  အတွင်းရေးမှူးက   ၂၀၂၂  ပညာသင်နှစ်အတွက်     ဘွဲ့လွန်   ဆေးပညာ       သင်တန်းများကို တက္ကသိုလ်အလိုက် ဝင်ခွင့်ခေါ်ယူ ရေး ကိစ္စရပ်များ၊  ဝင်ခွင့်စာမေးပွဲ စစ်ဆေးမည့်   အစီအစဉ်များ၊ အမှတ်ပေးစနစ်များ၊ ဝင်ခွင့်ခေါ်ယူ မည့်    လုပ်ငန်းအစီအစဉ်များ၊ ဘာသာရပ်အလိုက်    လျာထား ဦးရေများ၊ ဆေးတက္ကသိုလ်များ တွင်      အသစ်ဖွင့်လှစ်လိုသည့် ဘွဲ့လွန်သင်တန်းများ၏ သင်ရိုး ညွှန်းတမ်းဆိုင်ရာ    ကိစ္စရပ်များ ကိုလည်းကောင်း ရှင်းလင်းတင်ပြ ကြသည်။
အသေးစိတ်ဆွေးနွေး
ယင်းနောက်   အစည်းအဝေး  တက်ရောက်  လာကြသူများက   တက္ကသိုလ်အလိုက်  သတ်မှတ် ထားသော ဘွဲ့လွန်ဘာသာရပ် အလိုက်   လျာထားဦးရေများ၊  အသစ်ဖွင့်လှစ်လိုသည့်   ဘွဲ့လွန် သင်တန်းများ၏  သင်ရိုးညွှန်းတမ်း များနှင့်ပတ်သက်၍ အသေးစိတ်  ဆွေးနွေးတင်ပြကြပြီး   ဘွဲ့လွန် ဆေးပညာ   သင်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က     နိဂုံးချုပ်အမှာ စကားပြောကြားကာ    အစည်း အဝေးကို ရုပ်သိမ်းလိုက်သည်။ 
သတင်းစဉ်