
မန္တလေး ဧပြီ ၅
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ဧပြီ ၄ ရက် နံနက်ပိုင်းတွင် ကချင်ပြည်နယ် လူမှုရေး ဝန်ကြီး ဦးဝင်းရဲထွန်းနှင့်အတူ ဝိုင်းမော်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ မြစ်ကြီးနားမြို့ ကိုယ်ပွားသတင်းစာတိုက်ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယ ဝန်ကြီးသည် မန္တလေးမြို့ရှိ မန္တလေးတိုင်းဒေသကြီး ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံး၌ တိုင်းဒေသကြီး ညွှန်ကြား ရေးမှူး၊ ခရိုင်ဦးစီးအရာရှိများနှင့် ဝန်ထမ်းများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စစ်ကိုင်းဇုန်နယ် ထပ်ဆင့်လွှင့်စက်ရုံများ ဇုန်နယ် တာဝန်ခံ၊ မန္တလေးသတင်းဌာနခွဲမှ တာဝန်ခံနှင့် ဝန်ထမ်းများ၊ သတင်း နှင့်စာနယ်ဇင်းလုပ်ငန်း ကိုယ်ပွား သတင်းစာတိုက် (မန္တလေး) တာဝန်ခံတို့နှင့် တွေ့ဆုံသည်။
ဧပြီ ၅ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ အထက် မြန်မာပြည် ပုံနှိပ်စက်ရုံသို့ ရောက်ရှိပြီး ကျောင်းသုံးပုံနှိပ် စာအုပ်များ ရိုက်နှိပ်ရန် ပြင်ဆင် ဆောင်ရွက်ထားရှိမှုကို ကြည့်ရှု စစ်ဆေးကာ စက်ရုံတာဝန်ခံနှင့် အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံ၍ ပုံနှိပ်အရည်အသွေး ကောင်းမွန်ရေး ကြပ်မတ်ဆောင် ရွက်ရန် မှာကြားသည်။
ထို့နောက် အောင်မြေသာစံ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံးနှင့် ပြည်သူ့စာကြည့်တိုက်၊ စာပေ ဗိမာန်စာကြည့်တိုက်နှင့် စာအုပ် အရောင်းဆိုင်တို့ကို ကြည့်ရှု စစ်ဆေးပြီး ဝန်ဆောင်မှုလုပ်ငန်း များကို စိတ်ကောင်းစေတနာ ကောင်းဖြင့် ပြည်သူလူထု အကျိုး ရှိအောင်၊ ကျေနပ်မှုရှိအောင် ကြိုးစားဆောင်ရွက်ရန် မှာကြား သည်။
ဒုတိယဝန်ကြီးက ဝန်ထမ်း များနှင့်တွေ့ဆုံစဉ် ကျောင်းသား ကျောင်းသူများနှင့် လူငယ်များကို ဉာဏ်ပညာနှင့် ဗဟုသုတကြွယ်ဝ ပြီး နိုင်ငံအတွက် အားကိုးရမည့် ဗလငါးတန်နှင့် ပြည့်ဝသော လူငယ်များဖြစ်အောင် ဆက်စပ် ဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အသိပညာပေးလုပ်ငန်း များကို ဦးစားပေးလုပ်ဆောင်ကြ ရန်၊ အတွေးအခေါ် အယူအဆ မှန်ကန်ရန်နှင့် ပေးအပ်သော တာဝန်ကို ကျေပွန်အောင်ကြိုးစား ဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ် အတွက် ကြိုတင်ပြင်ဆင်ထားရန်၊ မကြာမီ ကျရောက်မည့် သင်္ကြန် ကာလ ရုံးပိတ်ရက်များတွင် ရုံး ဌာန၊ စက်ရုံ၊ အလုပ်ရုံများ လုံခြုံ ရေးနှင့် သတင်းထုတ်ပြန်ရေးကိစ္စ များကို လိုအပ်ချက်၊ အားနည်း ချက်မရှိအောင် ကြိုးစားဆောင် ရွက်ကြရန် မှာကြားပြီး အရာထမ်း၊ အမှုထမ်းများ၏ တင်ပြချက်များ ကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။ သတင်းစဉ်