
နေပြည်တော် ဧပြီ ၄
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် ကဏ္ဍတစ်ခုတွင် ပါဝင်သော ပညာရည်မြင့်မားရေး၊ အနာဂတ် မျိုးဆက်သစ်လူငယ် များ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် အထူးအလေးထား ဆောင်ရွက် လျက်ရှိသည်။ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှု များပြားသည့် ကာလအတွင်း အခြေခံပညာ ကျောင်းများနှင့် တက္ကသိုလ်များကို ခေတ္တ ပိတ်ထားခဲ့ရသဖြင့် အနာဂတ်မျိုးဆက်သစ် လူငယ် များ၏ ပညာရေးနှောင့်နှေးခဲ့ရမှု အပေါ် နိုင်ငံတော်အစိုးရအနေဖြင့် ဘက်ပေါင်းစုံမှ ကုစားဆောင်ရွက် ခဲ့ခြင်းကြောင့် ၂၀၂၁-၂၀၂၂ ပညာ သင်နှစ်အတွက် အခြေခံပညာ ဦးစီးဌာနအောက်ရှိ အခြေခံပညာ အထက်တန်းအဆင့်၊ အလယ် တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းများအား ၂၀၂၁ ခုနှစ် ဇွန် ၁ ရက်မှစ၍ မြန်မာနိုင်ငံတစ်ဝန်း၌ တစ်ပြိုင်တည်း အေးချမ်းတည်ငြိမ် စွာ စတင်ဖွင့်လှစ်သင်ကြားနိုင်ခဲ့ သည်။ ထို့ပြင် အခြေခံပညာရေးမှ အဆင့်မြင့်ပညာရေးသို့ တက် ရောက်ရန် အရေးပါသည့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကိုလည်း အောင်မြင်စွာကျင်းပ နိုင်ရေး ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမ၊ မိဘများနှင့် နိုင်ငံတော်အစိုးရတို့က ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် မျိုးဆက်သစ် လူငယ်များ၏ အနာဂတ်ဘဝကို ဖျက်လိုဖျက်ဆီး သည့်စိတ်၊ အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို နှောင့်ယှက် ဟန့်တားလိုသည့် စိတ်များဖြင့် NUG ၊ PDF အမည်ခံ အကြမ်းဖက် သမားများက အခြေခံပညာ ကျောင်းများအား လက်လုပ်မိုင်း များဖြင့် နှောင့်ယှက်ဖောက်ခွဲ ဖျက်ဆီးခြင်းများ ပြုလုပ်လျက် ရှိသည်။
ယင်းသို့ ပြုလုပ်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီခွဲခန့်တွင် နေပြည်တော်ကောင်စီ နယ်မြေ တပ်ကုန်းမြို့နယ် ညောင်လွန့် ကျေးရွာရှိ ညောင်လွန့်အခြေခံ ပညာအထက်တန်းကျောင်းအနီး ၌လည်းကောင်း၊ နံနက် ၁၀ နာရီ မိနစ် ၄၀ ခန့်တွင် တနင်္သာရီတိုင်း ဒေသကြီး ရေဖြူမြို့နယ် ကလိန် အောင်မြို့ ကံပေါက်ကျေးရွာရှိ ကံပေါက် အခြေခံပညာ အထက် တန်းကျောင်းအနီး၌ လည်း ကောင်း၊ နံနက် ၁၀ နာရီ ၄၅ မိနစ် ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့ရှိ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းအနီး ၌ လည်းကောင်း NUG ၊ PDF အမည်ခံ အကြမ်းဖက်သမား များက လက်လုပ်မိုင်းများဖြင့် နှောင့် ယှက်ဖောက်ခွဲဖျက်ဆီးခြင်း များ ပြုလုပ်ခဲ့ကြောင်း သိရှိ ရသည်။
အထက်ပါ အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်ခဲ့သူများ ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်သိပြည်သူများနှင့် ပူးပေါင်း ၍ ရှာဖွေဖော်ထုတ် ချေမှုန်း သုတ်သင်သွားမည် ဖြစ်ကြောင်းနှင့် အကြမ်းဖက်အဖွဲ့များ၏ ဝင်ထွက် သွားလာမှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး၍ နယ်မြေတည်ငြိမ် အေးချမ်းရေးအတွက် ပူးပေါင်း ပါဝင်ကြရန် သတင်းထုတ်ပြန် ထားကြောင်း သိရသည်။
သတင်းစဉ်