တရုတ်ပြည်မကြီး၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူပေါင်း  ၃ ဒသမ ၂၈ ဘီလီယံနီးပါးရှိ


 

ပေကျင်း   ဧပြီ   ၄
တရုတ်ပြည်မကြီးတွင်      လွန်ခဲ့ သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၂ ဒသမ  ၃၆ သန်းနီးပါး ထိုးနှံပြီးစီးသည့် အတွက် ယခုအခါ ဧပြီ ၃ ရက်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီး သူပေါင်း ၃ ဒသမ ၂၈ ဘီလီယံနီးပါး ရှိလာပြီဖြစ်ကြောင်း ဧပြီ ၄ ရက် တွင်  အမျိုးသား    ကျန်းမာရေး ကော်မရှင်က    ဖော်ပြထား‌သော အချက်အလက်များအရ     သိရ သည်။     
တရုတ်ပြည်မကြီးတွင်   ဧပြီ ၃   ရက်က  ကိုဗစ်-၁၉   ရောဂါ ဒေသတွင်းကူးစက်မှု   ၁၃၆၆ ဦး ထပ်မံစစ်ဆေး    တွေ့ရှိကြောင်း အမျိုးသား ကျန်းမာရေးကော်မရှင် က ပြောသည်။ အဆိုပါကူးစက် မှုများအနက်  ကျီလင်မှ ၈၃၆ ဦး၊  ရှန်ဟိုင်းမှ ၄၂၅ ဦးနှင့် ဖူကျန်းမှ ၁၆  ဦး  ဖြစ်ကြောင်း  အမျိုးသား ကျန်းမာရေး       ကော်မရှင်က အတည်ပြု      ပြောကြားသည်။ ထို့အပြင်      တရုတ်ပြည်မကြီး၌ ပြည်ပမှ ပြန်လည်ဝင်ရောက်လာ သူ ၃၉ ဦးတွင် ကိုဗစ်-၁၉ ကူးစက် မှု   ထပ်မံတွေ့ရှိရကြောင်းလည်း ပြောကြားသည်။ 
တရုတ်နိုင်ငံ၌ ဧပြီ ၃ ရက်တွင်  ကိုဗစ်-၁၉ ကူးစက်မှုမှ ပြန်လည် သက်သာလာသူ ၁၈၄၈ ဦးရှိလာ ကြောင်း၊   အထူးကြပ်မတ်ကုသ ဆောင်တွင်   ကုသမှုခံယူနေရသူ ၅၄ ဦး အပါအဝင်  လက်ရှိ  ဆက် လက်ကုသမှုခံယူနေရသူ ၂၅၇၂၄ ဦးရှိကြောင်း သိရသည်။ 
ဆင်ဟွာ