မွန်ဂိုလီးယားနိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် ပိုးတွေ့ဆဲလူနာ ၁၀၀၀ အောက် ကျဆင်း

 

 

မွန်ဂိုလီးယား   ဧပြီ   ၄
မွန်ဂိုလီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ပိုးတွေ့ဆဲလူနာအရေအတွက်သည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၂ ရက် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၁၀၀၀ အောက် ကျဆင်းလာကြောင်း ဧပြီ ၄ ရက်က ကျန်းမာရေးဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ 
မွန်ဂိုလီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီက  ဒေသတွင်းကူးစက်မှု ၈၁ ဦး ထပ်မံတွေ့ရှိသည့်အတွက်  ပိုးတွေ့ဆဲလူနာ ၉၇၁ ဦးရှိကြောင်း အဆိုပါ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် လွန်ခဲ့သော  ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ မရှိ သည့်အတွက် နိုင်ငံတစ်ဝန်း စုစုပေါင်း သေဆုံးသူ အရေအတွက်မှာ ၂၁၀၈ ဦးဖြင့် ပြောင်းလဲမှုမရှိခဲ့ ကြောင်း သိရသည်။ 
မွန်ဂိုလီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း  နေ့စဉ်ကျဆင်းလျက်ရှိသောကြောင့်       ပညာရေး ဆိုင်ရာ အဖွဲ့အစည်းများရှိ အတန်းအားလုံးအတွက် လူကိုယ်တိုင်တက်ရောက်ခွင့်ပြုခဲ့ကြောင်း၊ နိုင်ငံခြား ခရီးသွားများအတွက် နယ်စပ်ကို အပြည့်အဝဖွင့်ပေး  လိုက်ပြီဖြစ်ကြောင်း သိရသည်။ ထို့အပြင် နိုင်ငံတွင်း သို့ ဝင်ရောက်လာမည့် အဆိုပါ ခရီးသွားနိုင်ငံခြားသား ခရီးသွားများအနေဖြင့်   ပီစီအာရ်    စစ်ဆေးခြင်း သို့မဟုတ် ကွာရန်တင်းဝင်စရာမလိုကြောင်းလည်း သိရသည်။ 
လက်ရှိအချိန်အထိ မွန်ဂိုလီးယားနိုင်ငံတွင် နိုင်ငံ လူဦးရေ၏ ၆၆ ဒသမ ၈ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ကာကွယ်ဆေး      နှစ်ကြိမ်   ထိုးနှံထားကြောင်း၊ ၁၀၃၂၈၇၆  ဦးမှာကိုဗစ်-၁၉  ကာကွယ်ဆေး တတိယ အကြိမ်    ထိုးနှံထားပြီးဖြစ်ကြောင်းနှင့်  ၁၁၅၁၈၅   ဦးမှာ   ဆန္ဒအလျောက်  ကိုဗစ်-၁၉ ကာကွယ်ဆေး စတုတ္ထအကြိမ် ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။                                            
ဆင်ဟွာ