ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ  အရှေ့တောင်ပိုင်းတွင်  ရထားတစ်စင်း လမ်းချော်တိမ်းမှောက်  လူခုနစ်ဦးထက်မနည်း သေဆုံး 


 

ကင်ရှာဆာ  ဧပြီ  ၄ 
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) အရှေ့တောင်ပိုင်းတွင် ကုန်တင်ရထား တစ်စင်း ဧပြီ ၃ ရက်က လမ်းချော်ခဲ့ရာ လူ ခုနစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသအာဏာပိုင်များက ဧပြီ ၄ ရက်က အတည်ပြုခဲ့သည်။ 
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) ရထားဝန်ကြီးဌာနက လူအာ လာဘာ ပြည်နယ် လူဘူဒီဒေသတွင် ဒေသစံတော်ချိန် ညနေ ၇ နာရီတွင် ရထားလမ်းချော်မှုဖြစ်ပွားခဲ့ကြောင်းနှင့် အဆိုပါနေရာတွင်ပင် ယခင်က ရထားလမ်း ချော်မှုဖြစ်ပွားခဲ့ရာ လူပေါင်း ၇၅ ဦးအသက်ဆုံးရှုံးခဲ့ကြောင်း ပြောကြားသည်။ 
ယခုဖြစ်ပွားသော ရထားလမ်းချော်မှုတွင် တခြား ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လူဘူဒီ အုပ်ချုပ်ရေးမှူး ကလီမန်တင်းမာတန်ဒါက ပြောသည်။ 
ပို့ဆောင်ရေးဝန်ကြီး အိုကန်ဒီ ချီရူဘင်က ယခင်က ရထားလမ်းချော်ခဲ့သည့် နေရာတွင် ဘာကြောင့် နောက်ထပ် ရထားလမ်းချော်မှုဖြစ်ပွားခဲ့သလဲဆိုသည့် အပေါ်   လွတ်လပ်သော  စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းသွားမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။ 
ရထားစက်ခေါင်းများနှင့် ရထားလမ်းများ၏ အခြေအနေမကောင်းမှုကြောင့် ရထားမတော်တဆမှုများသည်  နိုင်ငံ၏  အရှေ့တောင်ပိုင်းတွင်  ဖြစ်ပွားလေ့ ရှိကြောင်း သိရသည်။                                                  
                    ဆင်ဟွာ