ဂျော်ဂျီယာ၌ နိုင်ငံခြားရေးဝန်ကြီးသစ် ခန့်အပ်


 

တီဘီလီဆီ  ဧပြီ  ၄
ဂျော်ဂျီယာအစိုးရသည် နိုင်ငံခြားရေးဝန်ကြီးသစ် အဖြစ် အီလီယာ ဒါချီယာရှ်ဗီလီကို တနင်္လာနေ့က ခန့်အပ်လိုက် သည်။ အဆိုပါ နိုင်ငံခြားရေးဝန်ကြီးသစ် သည် အမေရိကန်နိုင်ငံဆိုင်ရာ ဂျော်ဂျီယာသံအမတ် အဖြစ် ခန့်အပ်ခြင်းခံရသော   ဒေးဗစ်ဇာလ်ကာလီယာနီ ၏  လုပ်ငန်းတာဝန်များကို   လွှဲပြောင်းရယူရမည်ဖြစ် ကြောင်း  မြို့တော်တီဘီလီဆီ၌    ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်  ဂျော်ဂျီယာဝန်ကြီးချုပ် အီကာလီ      ဂါရီဘာရှ်ဗီလီက    ပြောကြားလိုက် သည်။ 
ဒါချီယာရှ်ဗီလီသည်  ၂၀၂၁   ခုနှစ်  မတ်လ ကတည်းက  ဂျော်ဂျီယာအစိုးရ  စီမံအုပ်ချုပ်ရေး အဖွဲ့အကြီးအကဲအဖြစ်    တာဝန်ထမ်းဆောင်ခဲ့သူ  ဖြစ်သည်။                                                                                       
 ဆင်ဟွာ