သီရိလင်္ကာနိုင်ငံ၌ အစိုးရသစ်အတွက် ဝန်ကြီးလေးပါး ကျမ်းသစ္စာကျိန်ဆို 


 

ကိုလံဘို  ဧပြီ  ၄ 
နိုင်ငံအတွင်း  ပြင်းထန်သောစီးပွားရေးနှင့်  နိုင်ငံရေး ပဋိပက္ခများဖြစ်ပွားနေချိန်    အစိုးရအဖွဲ့ဝန်ကြီးများ နုတ်ထွက်စာတင်ပြီးနောက် သီရိလင်္ကာသမ္မတ ဂိုတာ ဘာယာရာဂျာပက်ဆာက ဧပြီ ၄ ရက်က အစိုးရအဖွဲ့ သစ်အတွက် ဝန်ကြီးလေးပါးကို ကျမ်းသစ္စာကျိန်ဆို စေခဲ့သည်။ 
တရားရေးဝန်ကြီး အလီဆာဘရီသည် ဘဏ္ဍာရေးဝန်ကြီးသစ်အဖြစ်ကျမ်းသစ္စာကျိန်ဆိုချိန်တွင်  ဂျီအယ်လ်   ပိုင်ရစ်က  နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ဒီနစ်ရှ် ဂူနာဝါဒီနာက ပညာရေးဝန်ကြီးအဖြစ်လည်းကောင်း၊ ဂျွန်စတန်  ဖာနန်ဒိုက  ရထားဝန်ကြီးအဖြစ်လည်း ကောင်း   ကျမ်းသစ္စာများ  ကျိန်ဆိုခဲ့ကြကြောင်း သမ္မတရုံးမှ   အရာရှိများက ပြောသည်။ 
အတိုက်အခံပါတီများက အစိုးရတစ်ရပ်ဖွဲ့စည်း ရန်  သဘောတူပြီးနောက်  လာမည့်ရက်များတွင် နောက်ထပ်ဝန်ကြီးများ       ကျမ်းသစ္စာကျိန်ဆို ဦးမည်ဖြစ်ကြောင်း    အစိုးရအရာရှိများက    ပြော သည်။ 
စီးပွားရေးအကျပ်အတည်းကို ဖြေရှင်းပေးရန် အစိုးရကို တောင်းဆိုသည့် ပြည်သူ့ဆန္ဒပြမှုများကို သီရိလင်္ကာနိုင်ငံက ရက်ပေါင်းအတော်ကြာ ရင်ဆိုင် ခဲ့ရသည်။
စီးပွားရေးမငြိမ်သက်မှုများနှင့် လောင်စာဆီ ပြတ်တောက်မှုများကြောင့်    မြင့်တက်လာသော ဆန္ဒပြတောင်းဆိုမှုများကို     တုံ့ပြန်သောအားဖြင့် သီရိလင်္ကာအစိုးရဝန်ကြီးများသည် ဧပြီ ၃ ရက်က ရာထူးမှ  နုတ်ထွက်စာတင်ခဲ့ကြသည်။ 
သမ္မတ ရာဂျာပက်ဆာက ဆက်လက်ဖြစ်ပွားနေ သည့် ပဋိပက္ခများကို ဖြေရှင်းရန်  နိုင်ငံရေးပါတီများကို အစိုးရနှင့်  ပူးပေါင်းဆောင်ရွက်ကြရန်  တောင်းဆို ထားသည်။ 
ဆင်ဟွာ