
ကယ်လီဖိုးနီးယား ဧပြီ ၄
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် မြို့တော်စခရာမန်တို၌ ဧပြီ ၃ ရက် နံနက်ပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အရွယ် ရောက်သူ ခြောက်ဦးသေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း စခရာမန်တို ရဲဌာနက ယင်းနေ့မွန်းလွဲပိုင်းက အတည်ပြုခဲ့သည်။
သေနတ်ကိုင်အကြမ်းဖက်ခြင်းသည် ဒေသတွင်း လူ့အဖွဲ့အစည်းများကြား ပဋိပက္ခတစ်ခုဖြစ်ကြောင်း၊ ယင်းအကြမ်းဖက်မှုများသည် စခရာမန်တိုတွင် သာမက အမေရိကန်ပြည်ထောင်စုတစ်ခုလုံးတွင် မြင့်တက်နေကြောင်း သက်ဆိုင်ရာအာဏာပိုင် များက ပြောသည်။
မြို့ထဲတွင် ရန်ပွဲအကြီးအကျယ်ဖြစ်ပြီးနောက် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စခရာ မန်တိုရဲချုပ် ကေသီလက်စ်တာက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။ အဆိုပါ ပစ်ခတ်မှုတွင် အမျိုးသား သုံးဦးသေဆုံးခဲ့ပြီး အမျိုး သမီးသုံးဦးသေဆုံးခဲ့သည်။ သို့သော်လည်း ရဲချုပ်က အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ဖော်ပြ ထားခြင်းမရှိပေ။
အနီးအနားရှိ အဆောက်အအုံများ သေနတ် ပစ်ခတ်ခြင်း ခံခဲ့ရပြီး သေနတ်ကိုလည်း အခင်း ဖြစ်ပွားရာနေရာ၌ ရှာဖွေတွေ့ရှိခဲ့ကြောင်း လက်စ်တာ က ပြောသည်။
စိတ်မကောင်းဖွယ်ဖြစ်ရပ်တွင် သေနတ်ပစ်ခတ် သူအတော်များများပါဝင်ခဲ့မည်ဟု စုံစမ်းစစ်ဆေး သူများ သံသယဖြစ်လျက်ရှိသည်။
သေနတ်ပစ်ခတ်မှုကြားချိန် ဒေသစံတော်ချိန် နံနက် ၂ နာရီခန့်က ရဲများသည် အဆိုပါနေရာတွင် လှည့်ကင်း ဆောင်ရွက်လျက်ရှိကြောင်း ရဲချုပ်၏ ပြောကြားချက်အရ သိရသည်။ သေနတ်ပစ်ခတ်မှု ဖြစ်ပွားရာနေရာသို့ ရောက်ရှိချိန်တွင် လမ်းပေါ်တွင် လူအုပ်ကြီး စုဝေးနေသည်ကို တွေ့ရှိခဲ့ပြီး သေနတ် ပစ်ခတ်ခြင်းခံရသူများကို အသက်ကယ်လုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့သည်။ သို့သော်လည်း အခင်း ဖြစ်ပွားရာနေရာတွင်ပင် လူခြောက်ဦးသေဆုံးခဲ့ သည်။ ဆင်ဟွာ