တရားမ အထူးအယူခံမှု (၇) မှု စီရင်ချက်ချမှတ်၊ တရားမအထူးအယူခံမှု (၅) မှု ရုံးထိုင်ကြားနာ

 

 

နေပြည်တော်    ဧပြီ     ၄
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော  ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီ တို့ပါဝင်သည့် အထူးအယူခံ ခုံရုံးသည် ယနေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော် ချုပ်၊ ရုံးခန်းအမှတ် (၁) ၌  ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၁၉/၂၀၂၀ (ရှမ်း)၊    ၃၈/၂၀၂၀  (တနင်္သာရီ)၊   ၄၅/ ၂၀၂၀ (ကရင်)၊ ၄၆/၂၀၂၀ (တနင်္သာရီ) ၆/၂၀၂၁ (ရန်ကုန်)၊ ၁၄/၂၀၂၁ (မန္တလေး) နှင့် ၂၉ / ၂၀၂၁ (ရန်ကုန်) စုစုပေါင်း တရားမ အထူးအယူခံမှု (၇) မှုတို့ကို စီရင်ချက်ချမှတ်သည်။ 
ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၇/၂၀၂၁ (ရန်ကုန်)၊ ၅၀/၂၀၂၀ (ပဲခူး)၊ ၁/၂၀၂၁ (ရန်ကုန်)၊ ၂/၂၀၂၁ (စစ်ကိုင်း)နှင့် ၈/၂၀၂၁ (ရန်ကုန်)၊ စုစုပေါင်း  တရားမအထူးအယူခံမှု (၅) မှုတို့ကို ကိုဗစ်-၁၉   ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ  ရုံးထိုင်ကြားနာ ခဲ့ကြောင်း သတင်းရရှိသည်။                                        
သတင်းစဉ်