ရေသတ္တဝါ(အရှင်) များ၏ မိတ်လိုက်၊ မျိုးပွားရာသီချိန်တွင် ဖမ်းဆီး၊ စုဆောင်း၊ ရောင်းဝယ် တင်ပို့ခြင်းမပြုရန် အသိပေးနှိုးဆော်ချက်

 

ငါးလုပ်ငန်းဦးစီးဌာနသည် မြန်မာနိုင်ငံရှိ ရေချို/  ရေငန်ရေပြင်များတွင် ငါး/ပုစွန်မျိုးများ မပြုန်းတီးစေဘဲ    ငါး/ပုစွန်အထွက်တိုးစေရန်၊   မျိုးကောင်းမျိုးသန့်များ   ရေရှည် တည်တံ့တိုးပွားလာစေရန်နှင့်      ငါးသယံဇာတများ   ထိန်းသိမ်းနိုင်ရန်     ရည်ရွယ်၍ ရေသတ္တဝါများ၏ မိတ်လိုက်၊   မျိုးပွားရာသီချိန်ကာလတွင်   ဖမ်းဆီးခြင်း၊   ဝယ်ယူ၊   စုဆောင်းခြင်းမပြုကြရန် အမိန့်ကြော်ငြာစာများ၊ ညွှန်ကြားချက်များဖြင့် တားမြစ် ထားပြီးဖြစ်ပါသဖြင့် အောက်ပါရေသတ္တဝါ(အရှင်)များအား  သတ်မှတ်ကာလအတွင်း  ဖမ်းဆီး၊ စုဆောင်း၊ ရောင်းဝယ်၊  တင်ပို့ခြင်းမပြုရန်နှင့်  စစ်ဆေးတွေ့ရှိပါက   တည်ဆဲ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးနှိုးဆော်အပ် ပါသည်။
á    ကျောက်ပုစွန်၊ကင်းပုစွန်၊     -     ဇွန်လ(၁)ရက်နေ့မှ  ဩဂုတ်လ(၃၁)ရက်နေ့အထိ
    ငါးလင်ပန်း
á    ကျောက်ငါး    -     ဇူလိုင်လ(၁)ရက်နေ့မှ စက်တင်ဘာလ(၃၀)
            ရက်နေ့အထိ
á    ရေချိုငါးအားလုံး          -     မေလ(၁)ရက်နေ့မှ ဇူလိုင်လ(၃၁)ရက်နေ့အထိ
á    ရေငန်ပုစွန်     -     ဇွန်လ(၁)ရက်နေ့မှ ဩဂုတ်လ(၃၁)ရက်နေ့အထိ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
                       ငါးလုပ်ငန်းဦးစီးဌာန