ဇလွန်မြို့နယ်၌ နွေရာသီ ကျောင်းပိတ်ရက် မြန်မာ့သိုင်းသင်တန်းဖွင့်

 

ဇလွန်  ဧပြီ   ၃


ဧရာဝတီတိုင်းဒေသကြီး   ဇလွန် မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားက စားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြန်မာ့သိုင်းသင်တန်း ကို ယနေ့နံနက်ပိုင်းက မြို့နယ် ပြန်/ဆက်ရုံး၌ ဖွင့်လှစ်သည်။

 


နွေရာသီ  ကျောင်းပိတ်ရက် တွင် ကျောင်းသား  ကျောင်းသူများ     ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရေး  နှင့်     ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက် လာစေရန် ရည်ရွယ်၍ မြန်မာ့သိုင်း သင်တန်းကို     ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပြီး     မြန်မာ့သိုင်း သင်တန်းတွင်    ကိုးမောင်းအား လက်ရေး ၆၃ ကွက်ကို အစပြု၍ ဗန်ဒိုသိုင်း၊ တုတ်၊ ဓား သိုင်းအစ ရှိသည်တို့ကို     သင်ကြားပေးမည် ဖြစ်ကြောင်း        သိုင်းသင်တန်း ဆရာဦးနိုင်ဦးက ပြောသည်။


ဝေယံ -  ဇလွန်