
ရီယိုဒီဂျနေရိုး ဧပြီ ၃
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုး၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနည်းဆုံး လူရှစ်ဦး သေဆုံးပြီး ၁၃ ဦး ပျောက်ဆုံးနေကြောင်း ဒေသအာဏာပိုင်များက ဧပြီ ၃ ရက်က ပြောသည်။
မိုးသည်းထန်စွာရွာသွန်းပြီးနောက် အခင်းဖြစ်ပွားရာနေရာ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် ဘရာဇီးအစိုးရက စစ်ဘက်ဆိုင်ရာ လေယာဉ်များကို စေလွှတ်ထားသည်ဟု ဘရာဇီးသမ္မတ ဂျာဘော်ဆွန်နာရိုက တွစ်တာတွင် ပြောသည်။
ရီယိုဒီဂျနေရိုးမြို့တွင် မိုးရွာသွန်းမှုပမာဏမှာ ၆၅၅ မီလီလီတာရှိပြီး မှတ်တမ်းတင်ခဲ့သော မိုးရေချိန် ပမာဏများထဲတွင် အမြင့်ဆုံးဖြစ်ကြောင်း ဒေသတွင်းအာဏာပိုင်များက ပြောသည်။
ဘရာဇီးမီဒီယာ၏ ခန့်မှန်းချက်အရ လာမည့်ရက်များအတွင်း ရီယိုဒီဂျနေရိုးမြို့တွင် မိုးပိုလာနိုင် ကြောင်း သိရသည်။
ဆင်ဟွာ