မွန်ပြည်နယ်၌ မဟာသင်္ကြန်ပွဲတော် စည်ကားစွာကျင်းပမည်

 

မော်လမြိုင်   ဧပြီ  ၁  


၂၀၂၂ ခုနှစ်   မွန်ပြည်နယ်   မြန်မာ့ ရိုးရာမဟာသင်္ကြန်ပွဲတော်  အောင် မြင်စွာ ကျင်းပနိုင်ရေး        ဒုတိယ အကြိမ်   လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို   မတ်   ၃၁   ရက်က      ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်း ခန်းမ၌ ကျင်းပသည်။  

 


အစည်းအဝေးတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက နှစ်သစ်ကူး   မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော်ကို   ကိုဗစ် -၁၉ စည်းကမ်းချက်နှင့်အညီ ကျင်းပ မည်ဖြစ်ကြောင်း၊  ယခုနှစ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု  အစဉ် အလာနှင့်အညီ    ပြည်သူများ  မဟာသင်္ကြန်ပွဲတော်ကို  ပျော်ရွှင် စွာဆင်နွှဲနိုင်ရန်   စည်ကားသိုက် မြိုက်စွာ  ကျင်းပရန်  စီစဉ်ထား ကြောင်း၊ ယာဉ်စည်းကမ်း    လမ်း စည်းကမ်းနှင့်   လုံခြုံရေးအစီအမံ များကို   စီမံချက်ချမှတ်ဆောင်ရွက် ရမည်ဖြစ်ကြောင်း   ပြောကြား သည်၊၊ 

 


ဆက်လက်ပြီး   မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကျင်းပရေး    ဦးစီးကော်မတီနှင့်   ကျင်းပရေး လုပ်ငန်းကော်မတီများက ဆောင် ရွက်ထားရှိမှု    အခြေအနေများကို လည်းကောင်း၊    ကော်မတီဝင် များက လုပ်ငန်းကော်မတီအလိုက်  ဆောင်ရွက်မည့် အစီအစဉ်များကို လည်းကောင်း ရှင်းလင်းတင်ပြရာ   ပြည်နယ်ဝန်ကြီးများက  အကြံပြု ဆွေးနွေးပြီး    ပြည်နယ်ဝန်ကြီး ချုပ်က လိုအပ်ချက်များ  ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ခရိုင်(ပြန်/ဆက်)