ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုပေးမှုအခြေအနေ

 

ပြန်ကြားရေးဝန်ကြီးဌာနသည်   ပြည်ထောင်စု အစိုးရ၏  သဘောတူညီချက်ဖြင့်   ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း   နည်းဥပဒေများကို   အမိန့် ကြော်ငြာစာအမှတ် (၄၈/၂၀၁၄) ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့တွင် ထုတ်ပြန် ခဲ့ပြီးနောက်   လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်း နည်းဥပဒေများနှင့်အညီစိစစ်၍ လုပ်ငန်း အသိအမှတ်ပြုလက်မှတ်များကို ခွင့်ပြုပေးလျက် ရှိပါသည်။ 

 


ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ၂၉-၃-၂၀၂၂ နေ့ကပြုလုပ်ခဲ့သော   ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးတွင်  ၃၁-၁-၂၀၂၂ နေ့မှ ၁၁-၃-၂၀၂၂ နေ့ထိ လုပ်ငန်းအသိအမှတ် ပြုလက်မှတ်  လျှောက်ထားလာသည့် ထုတ်ဝေခြင်း လုပ်ငန်းအတွက်    အသစ်လျှောက်ထားသူ ဂျာနယ် နှစ်ဦး၊ အထွေထွေ  ၁၂  ဦး ပေါင်း  ၁၄  ဦးကိုလည်း ကောင်း၊ သတင်းအေဂျင်စီ လုပ်ငန်းလျှောက်ထားသူ နှစ်ဦးကိုလည်းကောင်း အသိအမှတ်ပြုလက်မှတ် များ ထုတ်ပေးရန် ခွင့်ပြုပေးခဲ့ပါသည်။ 

 


ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေ များ ပြဋ္ဌာန်းသည့် ၁၀-၁၀-၂၀၁၄ နေ့မှစ၍  ယနေ့ အထိ ပုံနှိပ်ခြင်းလုပ်ငန်း ၁၆၉၆  ဦး၊  ထုတ်ဝေခြင်း လုပ်ငန်း ၃၁၄၅ ဦးနှင့် သတင်းအေဂျင်စီ လုပ်ငန်း ၃၉၁ ဦး၊ စုစုပေါင်း ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း  ၅၂၃၂  ဦးအား   အသိ အမှတ်ပြုလက်မှတ်များ စိစစ်ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါ သည်။      

                   

ပြန်ကြားရေးဝန်ကြီးဌာန