
ဟနွိုင်း ဧပြီ ၁
ဗီယက်နမ်နိုင်ငံ၌ သောကြာနေ့က ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၇၂၅၅၆ ဦး စစ်ဆေးတွေ့ရှိရာ ကြာသပတေးနေ့က တွေ့ရှိမှုထက် ၈၂၈၂ ဦး လျော့နည်းခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ထပ်မံကူးစက်သူများတွင် ပြည်တွင်းကူးစက်မှု ၇၂၅၅၅ ဦးနှင့် ပြည်ပမှကူးစက်သူတစ်ဦးပါဝင် သည်။ နိုင်ငံတစ်ဝန်း မတူညီသည့်နေရာဒေသ ၆၂ ခု၌ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဗီယက်နမ်နိုင်ငံ၏ မြို့တော်ဟနွိုင်းသည် ၇၇၃၄ ဦး ထပ်မံကူးစက်ခံခဲ့ရသည့်အတွက် ကိုဗစ်-၁၉ ကူးစက်မှု အန္တရာယ်စိုးရိမ်ရသည့်မြို့တော်အဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်သည်။
အဆိုပါ ထပ်မံကူးစက်ခံရမှုများကြောင့် ဗီယက်နမ်နိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်ခံရသူ စုစုပေါင်း ၉၆၅၀၆၆၃ ဦး နှင့် သေဆုံးသူ ၄၂၅၂၆ ဦး ရှိလာပြီဖြစ်သည်။ ကိုဗစ်-၁၉ ကူးစက်ခံရသူများထဲမှ ၇၆၀၆၄၇၆ ဦး ပြန်လည်သက်သာလာပြီဖြစ်သည်။ ဗီယက်နမ်နိုင်ငံ၌ အသက် ၁၈ နှစ်နှင့်အထက် လူဦးရေ ၁၈၉ ဒသမ ၂ သန်းအပါအဝင် လူဦးရေစုစုပေါင်း ၂၀၆ ဒသမ ၃ သန်းကျော် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ပြီးဖြစ်သည်။
ဆင်ဟွာ