
စင်ကာပူ ဧပြီ ၁
မလေးရှားနှင့် စင်ကာပူနိုင်ငံတို့သည် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားသူများအတွက် နှစ်နိုင်ငံ နယ်စပ် ဖြတ်ကျော်လမ်းကို အပြည့်အဝ ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ရာ ခရီးသွားများအနေဖြင့် ကိုဗစ်-၁၉ စစ်ဆေးခြင်း သို့မဟုတ် သီးသန့်ကန့်သတ်စောင့်ကြည့်ခြင်းများ မလိုတော့ကြောင်း သိရသည်။
တစ်ကီလိုမီတာ ရှည်သည့် ဂျိုဟော-စင်ကာပူ နယ်စပ် ဖြတ်ကျော်လမ်းသည် ကမ္ဘာပေါ် တွင် အစည်ကားဆုံး နယ်စပ် ဖြတ်ကျော်လမ်း တစ်လမ်းဖြစ် သည်။ အဆိုပါလမ်းကို ၂၀၂၀ ပြည့်နှစ် မတ်လတွင် ပိတ်ခဲ့ပြီး ယခုနှစ် ဧပြီ ၁ ရက်တွင် ပြန်လည် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါလမ်း၌ ခရီးသွားများ သည် ကားသို့မဟုတ် ခြေကျင် ဖြတ်ကျော်သွားလာနေကြသည်။ နိုဝင်ဘာလကတည်းက ခရီးသွား များသည် အထူးသတ်မှတ်ထား သည့် ဘတ်စ်ကားများဖြင့်သာ ဖြတ်ကျော်သွားလာနိုင်ခဲ့သည်။
ကိုဗစ်-၁၉ ကြောင့် လမ်း မပိတ်ခင် တစ်နေ့လျှင် ခရီးသွား ၃၅၀၀၀၀ ကျော် အဆိုပါနယ်စပ် ဖြတ်ကျော်လမ်းကို အသုံးပြုခဲ့ကြ သည်။
အဆိုပါ နယ်စပ်ဖြတ်ကျော် လမ်းကို ပြန်ဖွင့်လိုက်ခြင်းသည် ကိုဗစ်-၁၉ နှင့် အသားတကျနေထိုင် ခြင်းကို ဖော်ပြသော သိသာသည့် သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည်။
အင်န်အိတ်ချ်ကေ