ယူကရိန်းနှင့် ရုရှား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်လည်စတင်မည်

 

မော်စကို/ကိယက်ဗ် ဧပြီ ၁ 


ယူကရိန်းနှင့်    ရုရှားတို့သည် သောကြာနေ့တွင် အွန်လိုင်းပုံစံ ဖြင့်    ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ပြန်လည်စတင်မည်ဖြစ်ကြောင်း  ယူကရိန်း   ကိုယ်စားလှယ်အဖွဲ့ အဖွဲ့ဝင်  ဒေးဗစ်အာရာ ခါမီယာ၏      ပြောကြားချက်ကို ကိုးကားပြီး     ယူကရင်ဖောင်း သတင်းအေဂျင်စီ က မတ်  ၃၁ ရက်က   ဖော်ပြခဲ့ သည်။ 

 


တွေ့ဆုံ     ဆွေးနွေးပွဲတွင် ယူကရိန်းနှင့် ရုရှားကိုယ်စားလှယ် အဖွဲ့များသည်   ယူကရိန်းသမ္မတ ဗိုလိုဒီမာ   ဇီလန်စကီနှင့်  ရုရှား သမ္မတ     ဗလာဒီမာပူတင်တို့ တွေ့ဆုံရန်အတွက်   လိုအပ်သော သဘောတူညီချက်ရရှိရေး အပြင်း အထန်      ကြိုးစားကြမည်ဖြစ် ကြောင်း      အာရာခါမီယာက တယ်လီဂရမ်တွင်  ဖော်ပြခဲ့သည်။ 

 


နှစ်နိုင်ငံ        သမ္မတများ နောက်ပိုင်း တွေ့ဆုံနိုင်ရန် မိမိတို့ မျှော်လင့်ကြောင်း အာရာခါမီယာ က       ပြောကြားလိုက်သည်။ ယူကရိန်းဘက်က အဆိုပါအစည်း အဝေးကို      ရုရှား   သို့မဟုတ် ဘယ်လာရုဇ်မှလွဲပြီး       တခြား မည်သည့်       နေရာတွင်မဆို လုပ်ဆောင်ရန်    အလေးအနက် ပြောကြားခဲ့သည်။

 


ကရင်မလင်  ပြောရေးဆိုခွင့် ရှိသူ ဒီမီထရီ ပက်ခ်စကော့ဗ်က မတ် ၃၁  ရက်တွင်   အကယ်၍   အစည်းအဝေး     စတင်ခဲ့မည်ဆို ပါက    မိမိတို့   အသိပေးမယ် ဖြစ်ကြောင်း   ဖြေကြားခဲ့သည်ဟု  တက်စ်        သတင်းအေဂျင်စီက ဖော်ပြထားသည်။
ပူတင်နှင့်    ဇီလန်စကီကြား အစည်းအဝေးကျင်းပမည့် အချိန် အတိအကျကို မသိရသေးကြောင်း ပက်ခ်စကော့ဗ်က ပြောကြားလိုက် သည်။             

ဆင်ဟွာ