
လွိုင်ကော် ဧပြီ ၁
၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင် စာမေးပွဲကို မတ် ၃၁ မှစတင်ပြီး မြန်မာနိုင်ငံတစ်ဝန်းတွင် စတင် ဖြေဆိုလျက်ရှိရာ ကယားပြည်နယ် တွင် လွိုင်ကော်၊ ဘော်လခဲ ၊ ဖားဆောင်းနှင့် မယ်စဲ့မြို့နယ် အသီးသီးရှိ စာစစ်ဌာနများတွင် လည်း စတင်ဖြေဆိုလျက်ရှိ သည်။ ကယားပြည်နယ်အတွင်း တွင် စာစစ်ဌာန လေးခုရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် စာရင်းပေးထားသူ ၇၈၀ အနက် ယနေ့အင်္ဂလိပ်စာဘာသာရပ်အား ဖြေဆိုသည့် ကျောင်းသား ကျောင်းသူပေါင်း ၅၇၅ ဦးနှင့် ပျက်ကွက် ၂၀၅ ဦးအနက် မယ်စဲ့ မြို့နယ်တွင် ကိုဗစ်လူနာ ဆေးရုံ ဖြေနှစ်ဦးဖြစ်ပြီး ဖြေဆိုသည့် ရာခိုင်နှုန်းမှာ (၇၃ ဒသမ ၇၂) ရာခိုင်နှုန်းရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပြည်နယ်အတွင်း၌ ကျောင်း သား ကျောင်းသူများ အေးချမ်းစွာ ဖြင့် စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ကယားပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ ဝင်များ၊ ရပ်ကွက် /ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ၊ ရပ်ဖများက လိုအပ်သည်များ ကို ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။
ကိုဇင်(လွိုင်ကော်)