ကျောင်းတွင်းအားကစားပွဲမှသည် ငြိမ်းချမ်းရေးဆီသို့ ....

Type

အားကစားသမားဟူသည်
ဥပဒေစည်းမျဉ်းစည်းကမ်းကို    လိုက်နာ၍ တရားသဖြင့် ယှဉ်ပြိုင်ခြင်း၊
စည်းလုံးညီညွတ်သည့်    အသင်းအဖွဲ့ဖြင့် ရည်မှန်းချက်ကို ဖော်ဆောင်နိုင်ခြင်း၊
မိမိ၏ပြိုင်ဘက်ကို လေးစားတန်ဖိုးထားခြင်း။
ဤကဲ့သို့ အားကစားသမားများ၏     စိတ်ထား မျိုးကို ကမ္ဘာသူ ကမ္ဘာသားများ လိုက်နာကျင့်သုံးပါ က ကမ္ဘာကြီးသည် စစ်ပွဲများကင်းစင်၍ ငြိမ်းချမ်း သာယာဝပြောပါလိမ့်မည်။
    ဦးသန့်
    ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း
ယခုတစ်လော မန္တလေးတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများ၏     (၁၄)နှစ်အောက် ဘောလုံးပြိုင်ပွဲများ  ကျင်းပကြောင်းနှင့်   နိုင်ငံအနှံ့ အပြားတွင်  အားကစားဟောပြောပွဲများ  ကျင်းပ သည့်သတင်းများကို မြင်ရ၊ ကြားရတော့ အထူးပင် ဝမ်းသာမိပါသည်။ ယင်းနှင့်အတူ ကျွန်တော်တို့ သနပ်ပင်မြို့၏ မြို့နယ်အားကစားကွင်းတွင် ရေးသား ထားသည့် မြန်မာ့သားကောင်း ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ဟောင်း၏ အထက်ပါစာသားကိုလည်း ပြေးမြင်မိပါသည်။  
၁၉၇၀ ပြည့်နှစ်ဝန်းကျင်လောက်က  ဖြစ်ပါ သည်။ အထက်တန်းကျောင်းသားဘဝ၌ ညနေတိုင်း ဘောလုံးကွင်းတွင် မြင်နေကျစာသားလေးပါ။    အဲဒီ တုန်းက “အားကစားစိတ်ဓာတ်နှင့် ငြိမ်းချမ်းရေး” ဘယ်လိုဆက်စပ်မှုရှိသည်ဆိုသည်ကို နားမလည်ခဲ့ ပါ။ ပညာရေးကို လေ့လာမှုအတော်အတန်လေးရပြီး နားလည်လာသည့်အချိန်တွင်တော့  မြန်မာနိုင်ငံသား  ကမ္ဘာ့ငြိမ်းချမ်းရေးဗိသုကာကြီး  လူ့လောကတွင် မရှိတော့ပါ။  ဦးသန့်၏အဆိုကို     မြန်မာ့ငြိမ်းချမ်းရေး ခရီးစဉ်တွင် အောင်မြင်မှုရနိုင်ရန်အတွက် မြန်မာ့ ပညာရေးတွင် တာဝန်ရှိသူများအနေဖြင့်  အားကစား မျိုးစုံကို  ကျောင်းများတွင်  လေ့ကျင့်ပေးသင့်ကြောင်း တိုက်တွန်းလိုပါသဖြင့် ယခုဆောင်းပါးကို ရေးသား အပ်ပါသည်။
ကျောင်းများ၏ ကာယအချိန်
နိုင်ငံတကာတွင်ရော      ကျွန်တော်တို့ဆီ၌ပါ အနာဂတ်ခေါင်းဆောင်လောင်း လေ့ကျင့်ပေးသည့် သင်ရိုးညွှန်းတမ်းနှစ်မျိုးရှိပါသည်။ တစ်မျိုးက “အဓိက သင်ရိုး”(Core-Curriculums) ဖြစ်ပြီး နောက်တစ်မျိုး က “တွဲဖက်သင်ရိုး” (Co-Curriculums)  ဖြစ်ပါ သည်။   ပညာရှင်ဆရာ ကြီးများက “ဖွံ့ဖြိုးရေးအချိန်” ဟု ဖွင့်ဆိုပါသည်။   ဘာသာရပ်၏အနှစ်သာရကို အခြေပြုပြီး ထိမိတဲ့ဘာသာပြန်ချက်ဖြစ်ပါသည်။  ဖွံ့ဖြိုးရေးအချိန်ထဲတွင်  “ကာယအချိန်” လည်း ပါဝင်ပါသည်။ ကာယအချိန်ကို ထည့်သွင်းသင်ကြား ပေးရသည့်   ရည်ရွယ်ချက်ကိုလည်း  တိတိကျကျ ဖော်ညွှန်းထားပါသည်။ ယင်းတို့မှာ - 
(က)     ကိုယ်ကာယ ကြံ့ခိုင်စေရန်၊ 
( ခ )     ကျန်းမာမှုကိုသိရှိ၍     မိမိကျန်းမာရေး နှင့် အများစုကျန်းမာရေးကို လေ့လာ လိုက်စားတတ်ရန်၊ 
( ဂ )     လူမှုရေးနှင့်  ပေါင်းသင်းဆက်ဆံရေးတို့ တွင် ဝင်ဆံ့စေရန်နှင့် မြင့်မားသည့်  လူမှု ဆက်ဆံရေး တတ်ကျွမ်းလာစေရန်၊ 
(ဃ)     စည်းကမ်းသေဝပ်၍ ဥပဒေကို လေးစား တန်ဖိုးထား လိုက်နာထိန်းသိမ်းနိုင်သည့် အလေ့အကျင့်ကောင်းများရရှိရန်၊ 
( င )     ဇွဲရှိခြင်း၊  သည်းခံခြင်း၊   ဖြူစင်ဖြောင့်မတ် ခြင်းတည်းဟူသော  မြင့်မြတ်စိတ်ထား ကြွယ်ဝလာစေရန်၊ 
( စ )     အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ် သည့် စိတ်ဓာတ်နှင့် အသုံးပြုတတ်သည့် အကျင့်များ ပေါ်ထွန်းလာစေရန်၊ 
(ဆ)     ကာယပညာနှင့်   အားကစားမှတစ်ဆင့် အနာဂတ် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဂုဏ်ရောင်ကိုမြှင့်တင်မည့်   အားကစား ထူးချွန်သူများ    ပေါ်ထွက်လာစေရန် ဟူသည့် ရည်မှန်းချက်များ  ထားရှိခဲ့ပါ သည်။  
တော်သလောက်ကောင်းသည့်     လူတော် လူကောင်းများ   ပေါ်ထွန်းလာစေရန် ဖြစ်ပါသည်။ ကျောင်းစာသာတော်၍     ဘဝတစ်လျှောက်တွင် လူရှော် (သို့မဟုတ်) အိုင်ကျူ (IQ = Intelligent Quotient) မြင့်ပြီး အီးကျူ (EQ = Emotional Quotient) နိမ့်သူများ မဖြစ်စေရန်၊ တစ်နည်းအားဖြင့် တော်သလောက်ကောင်း၍ ထာဝရဘဝအောင်ပန်း ဆင်နိုင်သူများ   ပေါ်ထွန်းလာစေရန်    ကာယ အချိန်ကို ထည့်သွင်းလေ့ကျင့်စေခြင်းဖြစ်ပါသည်။ ထို့ပြင်   စိတ်ရောကိုယ်ပါ  ကျန်းမာကြံ့ခိုင်သည့် ပီကျူ (PQ = Physical Quotient) မြင့်မားသူများ ပေါ်ထွန်းလာစေရန်  လေ့ကျင့်ပေးနေခြင်း  ဖြစ်ပါ သည်။ စာမေးပွဲရမှတ်လွန်လူ့တန်ဖိုးများဖြစ်ပါသည်။ ကာယအချိန်တွင် အားကစားမလုပ်ဘဲ စာဝင်သင် ခြင်းသည် အောက်တွင်  ဆက်လက်ဆွေးနွေးမည့်   အနာဂတ်    မြန်မာ့ခေါင်းဆောင်လောင်းများ၏   လူ့တန်ဖိုးကို ဖျက်ဆီးလိုက်ခြင်းဟု မြင်မိပါသည်။ 
ကျောင်းတွင်းအားကစားပွဲဟူသည်
အရပ်သုံးအဓိပ္ပာယ်မှာ “အားလို့ကစားတာပါ။” အားလပ်ချိန်ကို  အသုံးပြုတာပါ။    တချို့ကတော့ “အားနဲ့မာန်နဲ့ ကစားတာပါ”တဲ့။ ကျောင်းအားကစား ပွဲကမူ        လူ၏  “ကာယအား”၊  “ဉာဏအား”၊ “စာရိတ္တအား” နှင့် “မိတ္တဗလအား” များ ပိုမိုဖွံ့ဖြိုး လာအောင်၊ ထက်မြက်ရှင်သန်လာအောင် ယှဉ်ပြိုင် ကစားသည့်သဘောထက် လေ့ကျင့်ပေးသည့်ပွဲပါ။ အဆိုပါ  လူ့အရည်အသွေးများ  ဖွံ့ဖြိုးရန်အတွက် ပညာရေးတွင် တာဝန်ရှိသူများက ကျောင်းများတွင် အားကစားနည်းမျိုးစုံဖြင့် လေ့ကျင့်ပေးသင့်ပါသည်။ အားကစားသည် ပညာရေး၏  အလေ့ကျင့်ခံပါ။ ပညာရေးနှင့် အားကစား သီးခြားစီထား၍  မရနိုင် ပါ။ အားကစားသည် ပညာရေး၏  အစိတ်အပိုင်း တစ်ခုသာဖြစ်ပါသည်။ သို့အတွက်ကြောင့် ဒုတိယ ကမ္ဘာစစ်ပြီးကတည်းက နိုင်ငံအသီးသီး၏ ကျောင်း တိုင်းတွင် “ကာယအချိန်” ကို သင်ရိုးညွှန်းတမ်းတွင် အထက်ဖော်ပြပါ ရည်ရွယ်ချက်များဖြင့် ထည့်သွင်း သင်ကြားပေးနေခြင်းဖြစ်ပါသည်။
ဘဝတစ်သက်တာအောင်မြင်ရေးအတွက် 
လေ့ကျင့်ပွဲပါ
ကျောင်းများတွင် ကျင်းပသည့် အားကစားပြိုင်ပွဲ များသည် တကယ်တော့ “သူနိုင်ငါရှုံး” (Win-Lost) ရလဒ်လောက်သာ ပေးစွမ်းနိုင်သည့် ယှဉ်ပြိုင်ပွဲများ မဟုတ်ပါ။ “သူနိုင်ကိုယ်ဗိုလ်စွဲ” (Win-Win) သည့် “လေ့ကျင့်ရေးပွဲ” ပါ။    “ဘဝအတွက် လေ့ကျင့် သည့်ပွဲ”ပါ။ နိုင်သည်မှ ဒီတစ်ပွဲအတွက် မဟုတ်ပါ။ ဘဝတစ်လျှောက် အနိုင်ရသူ (Life-Long Winner) အဖြစ် ရပ်တည်နိုင်ရန် လေ့ကျင့်သည့်ပွဲပါ။ ပညာ ရေးက လေ့ကျင့်ပေးသည့်ပွဲနှင့် သာမန်အားကစား ပြိုင်ပွဲရလဒ် မတူခြင်းကို ကွဲကွဲပြားပြားမြင်အောင် ပညာအမြင်ဖြင့်  ကြည့်စေချင်ပါသည်။    သာမန် အားကစားပြိုင်ပွဲက ငါနှင့်ငါ့အသင်းအတွက် ဗိုလ်စွဲ ရန်၊  ဒိုင်းဆုဆွတ်ခူးရန်   အတ္တထိပ်တင်သည့်ပွဲပါ။ ကျောင်းအားကစားပွဲကမူ    “လူ့တန်ဖိုးတပ်ဆင် ပွဲ” (သို့မဟုတ်)  “လူသား၏  မြင့်မြတ်စိတ်ထား ကြွယ်ဝလာစေသည့် လေ့ကျင့်ပွဲ” များဆိုသည်ကို မိဘ၊ ဆရာများ မြင်အောင်ကြည့်သင့်ပါသည်။ 
ပြောင်းသင့်သည့် 
တချို့သော မိဘ၊ ဆရာများ၏ အမြင်
အားကစားသည် ပညာရေး၏ အစိတ်အပိုင်းပါ၊ သီးခြားစီမဟုတ်ပါဟု အထက်တွင် ပြောခဲ့ပြီးဖြစ်ပါ သည်။ သို့ပါ၍ ကျောင်းတွင်းအားကစားပွဲများသည် ပညာရေးရည်မှန်းချက်ကို အကောင်အထည်ဖော် သည့် အလေ့အကျင့်ခံပွဲများသာ ဖြစ်ပေသည်။ အနိုင်၊ အရှုံးအတွက် ယှဉ်ပြိုင်နေခြင်းမဟုတ်ပါ။ မိမိတို့၏ သားသမီးအားလုံး အောင်ပန်းဆင်ရေးပါ။ အောင်ပန်း ဆင်သည်မှ တစ်သက်တာပတ်လုံး အောင်နိုင်သူဖြစ် ရေးအထိဖြစ်သည်။ ကျောင်းသူ ကျောင်းသားတိုင်း အားကစားတစ်မျိုးမျိုး၏  လေ့ကျင့်မှုမှာ   ပါဝင် ကတည်းက နိုင်ပြီးသားပါ။ ရှုံးသူမရှိပါ။ 
မိမိသားသမီး၊ မိမိတပည့်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တနှင့် မိတ္တဗလများ မြင့်မားအောင် လေ့ကျင့် သည့်ပွဲအဖြစ်   ပညာရေးက     လေ့ကျင့်ပေးနေမှုကို ထင်ထင်ရှားရှားမြင်ရန်   ပညာရေးအမြင်ဖြင့် ကြည့်ပေးသင့်ပါသည်။  စာမေးပွဲရမှတ်မရသည့် ကာယဖွံ့ဖြိုးရေးကို   အပိုအလုပ်ဟုယူဆနေသူ မိဘတချို့နှင့် ဆရာတချို့တို့ အမြင်ပြောင်းလဲသင့်ပါ ပြီ။ စာမေးပွဲရမှတ်ထက်မြင့်သည့်   လူ့တန်ဖိုးများ ဖြစ်သည့် သည်းခံနိုင်မှု၊ စည်းကမ်းလိုက်နာမှု၊ တရား သဖြင့် ယှဉ်ပြိုင်လိုမှု၊ စာနာမှု၊ လေးစားမှု၊ ကျန်းမာ ကြံ့ခိုင်မှု စသည်တို့ ပေါ်ထွန်းလာစေရန်  ကျောင်း တွင်း၌  လေ့ကျင့်သည့်ပွဲဖြစ်သည့်အတွက်   မိမိ သားသမီး၊ မိမိတပည့်တိုင်းကို လူတော်လူကောင်း ဘဝ ရောက်စေလိုလျှင်  “အားကစားပွဲ” များတွင် ပါဝင်လေ့ကျင့်ခံဖို့ အားပေးရပါလိမ့်မည်။ သို့မှသာ ခေတ်အမြင်ရှိသည့်    ဆရာမိဘများဘဝဆီသို့ ကျွန်တော်တို့ရောက်ကြမှာပါ။
အညံ့ကို “စံ” မထားမိစေရန်
ကျောင်းသားတိုင်း၊         ကျောင်းနေအရွယ် သားသမီးတိုင်း ကျောင်းတွင်းအားကစားပြိုင်ပွဲ များ တွင် ဝင်ရောက်ယှဉ်ပြိုင်စေသည်ကတော့ မှန်ပါ၏။ ယနေ့လက်ရှိ ပြိုင်ပွဲများတွင်  “ပြိုင်လျှင် နိုင်ရမည် ဆိုသည့် အမြင်” ဖြင့် ပြိုင်နေကြခြင်းပါ။  နိုင်အောင် ပြိုင်ခဲ့ဆိုသည့်   “အတ္တထိပ်တင်စိတ်ထား” သည် ကလေးများကို  အောက်ကိုဆွဲချသည့်   နိမ့်ကျသည့် စိတ်ထားပင် ဖြစ်သည်။ 
နိုင်လိုစိတ်၊ ကိုယ်ကအသာစီးရလိုစိတ် ငယ်ထိပ် ရောက်ခဲ့လျှင် ဥပဒေတို့၊  စည်းမျဉ်းစည်းကမ်းတို့၊ ဂုဏ်သိက္ခာတို့ ဘေးချိတ်လာပြီး ညစ်ပတ်မှုများ၊ ဒေါသများ၊ လောဘများ လွှမ်းမိုးကာ ယှဉ်ပြိုင်ခဲ့လျှင် မိမိရော၊ မိမိအသင်းနှင့် နောက်ဆုံးတွင် “ကျောင်း၏ ဂုဏ်သိက္ခာမဲ့ခြင်း” တို့မှာ အဆုံးသတ်ပေလိမ့်မည်။ ထိုဘဝမျိုး မိမိသားသမီးနှင့် မိမိကျောင်းသားများ မရောက်ကြစေရန် “အကောင်းဆုံးကြိုးစားယှဉ်ပြိုင် ကြရန်” ကိုသာ  အားပေးရပါလိမ့်မည်။    “ပါဝင် ယှဉ်ပြိုင်ကတည်းက   လူ့တန်ဖိုးများ    မြင့်တက် ပြီးသားနှင့် ပြိုင်ပွဲစည်းမျဉ်းအရ “နိုင်မှု”၊ “ရှုံးမှု” ဆိုသည်မှာ သဘာဝပါ။ 
နိုင်ခြင်း၊  ရှုံးခြင်းတို့ထက်    ပိုမြင့်သည်က ဂုဏ်သိက္ခာပါ။ မိမိသိက္ခာ၊ မိမိအသင်းနှင့် ကျောင်း သိက္ခာထိပါးလာလျှင် ပြိုင်ပွဲတွင်နိုင်သော်လည်း မိမိနှင့်ကျောင်း၏  ဂုဏ်သိက္ခာသမိုင်းမှတ်တမ်းမှာ    ရှုံးပြီး သားပါ။  ထို့ကြောင့် အားကစားက သတ်မှတ်ထား သည့်    စည်းမျဉ်း၊ စည်းကမ်းကို   လေးစားလိုက်နာပြီး ဂုဏ်သိက္ခာရှိရှိ အောင်မြင်အောင် ကြိုးစားမှုကို အသိအမှတ်ပြုခြင်းကြောင့်ရသည့်   ဂုဏ်ပြုခံ ဆု၊ ဒိုင်း၊ ဖလားတို့ကိုသာ လိုချင်ပါသည်။  ဂုဏ်သိက္ခာ ဖြင့် အလဲအထပ်ပေးဆပ်ပြီးမှရသည့် တန်ဖိုးမဲ့ ဆု၊ ဖလား၊ ဒိုင်းတို့ကို မလိုချင်ပါ။ ဂုဏ်ပြုခံထိုက်သူ၊ ဂုဏ်ဆောင်အသင်း၊     ဂုဏ်တက်သည့်ကျောင်း ဖြစ်အောင် အားကစားဖြင့်သက်သေပြခဲ့ပါ” စသည် ဖြင့် မိဘ၊ ဆရာသမားက အလေ့ကျင့်ခံ   မိမိတို့၏ သားသမီး၊ တပည့်များကို    b စာမျက်နှာ ၆ မှ
သင်ပေး၊ တည့်မတ်ပေးနေရပါမည်။     သို့မှသာ  ကျောင်းသားတိုင်းသည် “မတရားအနိုင်ယူလိုမှု” (သို့) “အညံ့ကိုစံထားသည့် စိတ်ထား”  ပပျောက်သွား ပေလိမ့်မည်။   သို့မှသာ   တရားသဖြင့်ယှဉ်ပြိုင်ခြင်း စိတ်ဓာတ် (Spirit of Fair Play) သည် မြန်မာ့လူ့အဖွဲ့ အစည်းအတွင်း ထွန်းတောက်နေပေလိမ့်မည်။
ကျောင်းတွင်းအားကစားသည် 
လူ့တန်ဖိုးတပ်ဆင်သည့်ပွဲပါ
တကယ်တော့ ကျောင်းတွင်းအားကစားပွဲများ သည်  နိုင်ငံကြီးသား၊  နိုင်ငံ့သားကောင်း (Good Citizen) တစ်ယောက်တွင် မဖြစ်မနေ ရှိကိုရှိရမည့် လူ့တန်ဖိုး ထက်မြက်လာအောင် လေ့ကျင့်ပေးနေ ခြင်းဖြစ်ပါသည်။   ထိုတန်ဖိုးများသည်   လူ့ဘဝ ရောက်လာသည့် လူသားတစ်ဦး၏ “အခြေခံ ပင်မ တန်ဖိုး” များပင် ဖြစ်ပါသည်။  ပညာတတ်ခြင်း၊ မတတ်ခြင်းနှင့် မဆိုင်ပါ။ အဆိုပါ “ပင်မတန်ဖိုး” ကို အလျော့ခံ၍ မဖြစ်ပေ။ ပညာတတ်လာလေလေ ပင်မတန်ဖိုးမြင့်လာလေလေဖြစ်အောင် ကျောင်း များက လေ့ကျင့်ပေးရပါမည်။ ယင်းတို့မှာ - 
(က)  ကျန်းမာကြံ့ခိုင်ဉာဏ်ရွှင်ခြင်း
လွဲမှားသည့် ပညာရေးကိုကျင့်သုံးသည့် နိုင်ငံ များတွင်   ကလေးများသည်    အိပ်ရာထသည်မှ အိပ်ရာဝင်သည်အထိ စာမှစာဖြစ်ပြီး  “တစာစာ” ဟုသာ   အခိုင်းခံရပါများလာတော့        ရလဒ်က စာလည်းညံ့လာသလို  အိမ်မှာရော ကျောင်းမှာပါ တုံ့ပြန်မှု နှေးကွေးပြီး မကြာခဏ နှာစေး၊ ချောင်းဆိုး၊ အိပ်မပျော်၊    ခေါင်းကိုက်ဖြစ်လာကြပါသည်။ ထိုကလေးများကို အားကစားကွင်းထဲခေါ်ပြီး ကစား စေသည့်အခါ  ယင်းရောဂါများ   ပျောက်သွားပြီး စာလည်းတော်၊ ဖြတ်ထိုးဉာဏ်ထက်မြက်လာ၊ လူမှု ဆက်ဆံရေးကောင်း၊   ခေါင်းဆောင်မှုအပိုင်းမှာပါ ပိုမိုသွက်လက် ထူးချွန်လာသည်ကို တွေ့ရပါသည်။ ကိုယ်ကာယလည်း  ပိုမိုကြံ့ခိုင်သန်စွမ်းလာကြပါ သည်။ 
ယနေ့ခေတ် အိုင်ကျူ (IQ) လည်းမြင့်၊ အီးကျူ (EQ) လည်းကောင်းမွန်သည့်အပြင်       စိတ်ရော ကိုယ်ပါ ကျန်းမာကြံ့ခိုင်သည့်  ပီကျူ (PQ) ကိုပါ ပိုင်ဆိုင်လာခြင်းဖြစ်ပါသည်။ စာတော်သလောက် ကျန်းမာပြီး လူ့ဘောင်ကောင်းကျိုးသယ်ပိုးနိုင်မှသာ  အောင်မြင်သည့် လူချင်းတူသော်လည်း ဆက်လက် ၍ တန်ဖိုးရှိလူသားဘဝကို ရောက်နိုင်မည်ဖြစ်သည်။  ကာယအချိန်သည်      ကာယဖွံ့ဖြိုးမှုသက်သက် မဟုတ်ပေ။  စိတ်ကျန်းမာရေးရော  စိတ်လှုပ်ရှား မှုကို ထိန်းသိမ်းတတ်မှု (EQ) နှင့် စာရိတ္တကြံ့ခိုင်မှုပါ ပေးစွမ်းနိုင်မှုရှိသည်ကို  မိဘ၊ ဆရာများ သတိပြု ကာ မိမိသားသမီး တပည့်များအား အားကစားတွင် ပါဝင်လေ့ကျင့်ရန် အားပေးသင့်ပါသည်။
(ခ)  ဥပဒေ၊ စည်းကမ်းကို လေးစားလိုက်နာ တန်ဖိုး 
     ထားမှု မြင့်မားလာခြင်း
လူ့ဘောင်လူ့အဖွဲ့အစည်းက ချမှတ်ထားသည့် စည်းကမ်းများသည် မိမိအပါအဝင် လူ့အဖွဲ့အစည်း ငြိမ်းချမ်းစွာဖွံ့ဖြိုးရန်     အကာအကွယ်များသာ ဖြစ်ပါသည်။ ဖျက်ဆီးသူများရန်မှ ကာကွယ်ထား ခြင်းပါ။  အားကစားပြိုင်ပွဲများတွင်   သက်ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများရှိပါသည်။ ကျောင်း များတွင် ကျောင်းစည်းကမ်း၊ အတန်းစည်းကမ်း၊ စာမေးပွဲစည်းကမ်းများအပြင်  အားကစားစည်းကမ်း သည်လည်း    အလုပ်တစ်ခုကို   ဂုဏ်သိက္ခာရှိရှိ အောင်မြင်အောင်    ဆောင်ရွက်နိုင်စွမ်းရှိစေရန် လေ့ကျင့်ပေးခြင်းဖြစ်ပါသည်။ ယှဉ်ပြိုင်စေခြင်းအား ဖြင့် “တစ်ဖက်တွင် အောင်မြင်လိုစိတ်” နှင့် “အခြား တစ်ဖက်တွင် လိုက်နာအပ်သည့် စည်းကမ်းဥပဒေ” တို့ကို ချိန်ညှိနိုင်စွမ်းရှိရပါမည်။
ထိုနှစ်မျိုးကို ချိန်ညှိနိုင်စွမ်းမြင့်မားလာလျှင် “ဂုဏ်သိက္ခာထိန်းနိုင်သည့် လူ့တန်ဖိုးမြင့်လာခြင်း” ဟူသည့် အရည်အသွေးက အမြတ်အဖြစ် ပေါ်ထွန်း လာပါသည်။   နိုင်လိုစိတ်က   အပေါ်ရောက်ပြီး အားကစား၏ ဥပဒေစည်းကမ်းများကို  မလိုက်နာ နိုင်သူသည် ပြိုင်ပွဲမှထွက်ရပါသည်။ ထိုအခါ  ကိုယ် နှင့် ကိုယ့်အသင်း (အဖွဲ့အစည်း)၏  ဂုဏ်သိက္ခာပါ ထိပါးနိုင်ခြင်းကြောင့် မောသည့်အချိန်၊    တွန်းတွန်း တိုက်တိုက်     ကစားရသည့်အချိန်များတွင်ပင် စည်းကမ်းကို လေးစားလိုက်နာသွားတတ်အောင် လေ့ကျင့်ပေးနေခြင်းဖြစ်ပါသည်။   စည်းကမ်းကို လိုက်နာမှုမှသည်   ဘဝတစ်လျှောက်   ဥပဒေကို လေးစားတန်ဖိုးထားတတ်သည့်သူများဖြစ်အောင် အားကစားကို အလေ့အကျင့်ခံအဖြစ်၊ တစ်နည်းအား ဖြင့် အားကစားကို သင်ထောက်ကူအဖြစ် သုံးကာ လေ့ကျင့်ပေးနေခြင်း ဖြစ်ပါသည်။ 
မငြိမ်းချမ်းခြင်းဖြစ်စဉ်များတွင်    စည်းကမ်း ဥပဒေကို မလိုက်နာ၍ မတရားမှုများ ပေါ်ပေါက်လာ ခြင်းများကြောင့်လည်း ပါဝင်သဖြင့် အားကစားက စည်းကမ်းလိုက်နာတတ်စေရန် လေ့ကျင့်ပေးနေခြင်း ဖြစ်၍  ငြိမ်းချမ်းရေးစိတ်ဓာတ်ဟု  ဦးသန့်က ကြိုမြင် ခဲ့ခြင်းဖြစ်ပေသည်။         ။
(ဆက်လက်ဖော်ပြပါမည်)