လန်ချန်း-မဲခေါင်ရုပ်သေးပွဲတော်(Puppet Festival of Lancang-Mekong) ပိတ်ပွဲအခမ်းအနား ကျင်းပ

မန္တလေး   မတ်   ၃၁


မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းတစ်ခုဖြစ်သည့်   လန်ချန်း-မဲခေါင်  ရုပ်သေး ပွဲတော်(Puppet Festival of Lancang-Mekong) ဒုတိယနေ့အစီအစဉ်များကို  ယနေ့နံနက်ပိုင်းက မန္တလေးမြို့   မြနန်းဘုံစံရတနာပုံခန်းမ၌   Virtual စနစ်ဖြင့် ဆက်လက်ကျင်းပသည်။ 
အစီအစဉ်အရ လန်ချန်း-မဲခေါင် ဒေသတွင်း နိုင်ငံများဖြစ်သော က‌မ္ဘောဒီးယားနိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊  လာအိုနိုင်ငံ၊  ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၊  ထိုင်းနိုင်ငံနှင့်  ဗီယက်နမ်နိုင်ငံတို့မှ ရုပ်သေးပညာရှင်များက သက်ဆိုင်ရာနိုင်ငံအလိုက် ရုပ်သေးပညာရပ်များကို ရှင်းလင်းသရုပ်ပြသကြပြီး ဒေသတွင်းရှိ ရိုးရာရုပ်သေးပညာရပ်များကို ရင်းရင်း နှီးနှီး အပြန်အလှန် ဆွေးနွေးဖလှယ်ကြသည်။


မွန်းလွဲပိုင်းတွင်  နိုင်ငံအလိုက်  ရိုးရာရုပ်သေး ဖျော်ဖြေတင်ဆက်မှုများကို     တင်ဆက်ကြပြီး မြန်မာနိုင်ငံမှ  သူငယ်တော်အက၊  သုံးစုံတွဲနှစ်ပါး အက၊ ဦးရွှေရိုး ဒေါ်မိုးအကများဖြင့် ဖျော်ဖြေတင်ဆက် ကာ အဖွဲ့ဝင်ခြောက်နိုင်ငံမှ ရိုးရာရုပ်သေး အကများ  ပါဝင်သည့်    မဲခေါင်-လန်ချန်း  ဂုဏ်ပြုတေးဖြင့် ဖျော်ဖြေတင်ဆက်၍ ပိတ်ပွဲအခမ်းအနား အောင်မြင် စွာ ကျင်းပပြီးစီးသည်။


လန်ချန်း-မဲခေါင်ရုပ်သေးပွဲတော်   ကျင်းပ နိုင်ခဲ့ခြင်းကြောင့်   မဲခေါင်-လန်ချန်းဒေသတွင်း နိုင်ငံများရှိ  ရုပ်သေးအနုပညာရှင်များအချင်းချင်း အပြန်အလှန်  ချစ်ခင်ယုံကြည်စွာဖြင့်   တစ်ဦး၏ ယဉ်ကျေးမှုကို တစ်ဦးက  အပြန်အလှန်  လေးစား တန်ဖိုးထားကာ  အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းကြောင့်  အတွေးသစ် အမြင်သစ်များ အပြန် အလှန်ဖလှယ်နိုင်ခဲ့ကြ၍    ရိုးရာယဉ်ကျေးမှုအမွေ အနှစ်များကို  ဖော်ထုတ်၊ မြှင့်တင်၊  ထိန်းသိမ်းခြင်း အတွက် များစွာအထောက်အကူပြုနိုင်ခဲ့သည်။


အဆိုပါအခမ်းအနားသို့   လန်ချန်း-မဲခေါင် ရုပ်သေးပွဲတော်      ကျင်းပရေးဦးစီးကော်မတီ 
အတွင်းရေးမှူး     အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်    (မန္တလေး)မှ ပါမောက္ခချုပ် ဦးအောင်ဆန်းဦးနှင့်   ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ ဆရာမများ၊ မြန်မာနိုင်ငံ ကိုယ်စားပြု     ရုပ်သေးပညာရှင်ကြီးများနှင့်  တာဝန်ရှိသူများ၊     လန်ချန်း-မဲခေါင် ဒေသတွင်း နိုင်ငံများဖြစ်သော  ကမ္ဘောဒီးယားနိုင်ငံ၊  တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊   လာအိုနိုင်ငံ၊   ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ရုပ်သေးပညာရှင်များ တက်ရောက်ခဲ့ကြောင်း သိရ သည်။                                            

 သတင်းစဉ်