ရေကြောင်းသတိပေးချက် ထုတ်ပြန်ကြေညာ

နေပြည်တော်   မတ်   ၃၁
၁။    မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေတူးဖော်ရေး လုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော PTTEP International Limited သည် ကမ်းလွန်လုပ်ကွက် အမှတ် M-9 နှင့် လုပ်ကွက်အမှတ် M-3 တို့တွင် Geotechnical Site Survey (GTI) and Associated Studies ဘူမိဗေဒနည်းပညာဆိုင်ရာ ရေအောက်မြေသားနမူနာ လေ့လာတိုင်းတာခြင်း လုပ်ငန်းများအား Survey Vessel: MV. DP2 KEYFIELD HELMS (Call Sign: 3EJN) ရေယာဉ်ဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့မှ  ၂၀၂၂ ခုနှစ်၊ မေလ ၃၀ ရက်နေ့ အထိ ဆောင်ရွက်မည်ဖြစ်ပါသည်။
၂။    Geotechnical Site Survey (GTI) လုပ်ငန်းဆောင်ရွက်မည့် တည်နေရာကို ဖော်ပြသည့် Coordinates များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
    No        Point     Latitude     Longitude
    1.    M3 ASK-12    15.  25' 58.62 " N    95.  30'  00.83 " E
    2.    ZWP-16 (Zawtika-25)    14.  15' 20.15 " N    95.  33'  27.38 " E
    3.    ZWP-17 (Zawtika-29)    14.  31' 04.83 " N    96.  00'  39.77 " E
    4.    ZWP-18 (Zawtika-14)    13.  57' 00.16 " N    95.  46'  05.52 " E
    5.    ZWP-19 (Zawtika-12)    14.  15' 17.31 " N    95.  56'  35.79 " E
    6.    Zawtika-38 (Jacket Receiver)    14.  22' 03.20 " N    95.  45'  39.48 " E
၃။    သို့ဖြစ်ပါ၍ ကမ်းလွန်လုပ်ကွက် အမှတ် M-9 နှင့် လုပ်ကွက်အမှတ် M-3 တို့တွင် Geotechnical Site Survey (GTI) and Associated Studies ဘူမိဗေဒနည်းပညာဆိုင်ရာ ရေအောက်မြေသားနမူနာ လေ့လာတိုင်းတာခြင်း လုပ်ငန်းများအား Survey Vessel: MV. DP2 KEYFIELD HELMS (Call Sign: 3EJN ရေယာဉ်ဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့မှ  ၂၀၂၂ ခုနှစ်၊ မေလ ၃၀ ရက်နေ့အထိ လုပ်ငန်းဆောင်ရွက် နေစဉ် လုပ်ငန်းကြန့်ကြာမှုမဖြစ်ပေါ်စေရေးအတွက် အထက်ဖော်ပြပါ လုပ်ငန်းခွင် တည်နေရာများမှ ၄ ကီလိုမီတာပတ်လည်အတွင်း  သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်းနှင့် ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများ ချထားခြင်းမရှိစေရန် ရေကြောင်းသတိပေးချက် (Notice to Mariners) အား ထုတ်ပြန်ကြေညာပေးပါရန်နှင့် ပြန်ကြားရေးဝန်ကြီးဌာန နေ့စဉ်ထုတ်သတင်းစာများနှင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတို့မှ ကြေညာပေးနိုင်ရေးတို့အတွက် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။