သီရိလင်္ကာနိုင်ငံ ဒေသအတော်များများတွင် အလွန်အမင်းပူပြင်းနိုင်ကြောင်း သတိပေးထား

 

ကိုလံဘို   မတ်    ၃၁ 


သီရိလင်္ကာ မိုးလေဝသဌာနက နိုင်ငံ၏ ဒေသအများစုတွင် အလွန်အမင်းပူပြင်းနိုင်ကြောင်း မတ် ၃၁ ရက်က သတိပေးထားသည်။ 

 


နိုင်ငံမြောက်ပိုင်း၊ နိုင်ငံအလယ်ပိုင်း၊ နိုင်ငံအနောက်မြောက်ပိုင်း၊ နိုင်ငံအရှေ့ပိုင်းရှိ ဒေသခံပြည်သူများ ကို အပြင်ထွက်သည့်အခါ အပူအန္တရာယ်သတိပေးချက်များကို လိုက်နာကြရန် မိုးလေဝသဌာနက တိုက်တွန်း ထားသည်။ 

 


နိုင်ငံ၏ အခြားဒေသများတွင် နေထိုင်သူများကိုလည်း အပူအန္တရာယ်ကြိုတင်ကာကွယ်ရန် တိုက်တွန်း ထားသည်။ 
အပြင်တွင် အချိန်ကြာမြင့်စွာနေထိုင်ပါက အပူလျှပ်ခြင်းအပါအဝင် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ဖြစ်နိုင်ကြောင်း မိုးလေဝသဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။        

 


သီရိလင်္ကာနိုင်ငံသားများကို ရေဓာတ်ဖြည့်တင်းထားကြရန်၊ အရိပ်ရသောနေရာများတွင်သာ နေထိုင်ရန်၊    အပြင်းအထန်အလုပ်လုပ်ခြင်းများကို  ရှောင်ရှားရန်၊  အရောင်ဖျော့သော အဝတ်အစားများကို  ဝတ်ဆင်ရန် နှင့် ကလေးများကို ယာဉ်များထဲတွင် တစ်ယောက်တည်းမထားခဲ့ရန် တိုက်တွန်းထားသည်။ 


ဆင်ဟွာ