
ဝင်းဟော့ခ် မတ် ၃၁
လက်ရှိစီးပွားရေး မတည်ငြိမ်မှု အလားအလာများကြောင့် လောင် စာဆီ ဈေးနှုန်းနှင့် ကုန်ဈေးနှုန်း များ မြင့်တက်လာချိန်တွင် နမီးဘီးယား အစိုးရပင်စင်ဌာန က ပင်စင်ခံစားခွင့်များကို တိုးပေး တော့မည်ဖြစ်ကြောင်း မတ် ၃၁ ရက်က ကြေညာလိုက်သည်။
ပင်စင်ခံစားခွင့်များ တိုးမြှင့် ပေးလိုက်ခြင်းသည် ပင်စင်စား များ၏ ဈေးဝယ်ယူလိုအားကို ထိခိုက်မှုမရှိအောင် တစ်ဖက် တစ်လမ်းက ဖြည့်ဆည်းပေးလိုက် ခြင်းဖြစ်သည်။
ပင်စင်များ တိုးမြှင့်ပေးလိုက် ခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ များနှင့် ဥရောပရှိ ပထဝီဝင်နိုင်ငံ ရေး အခြေအနေများကြောင့် ပြန်လည် သက်ရောက်လာနိုင် သည့် မတည်ငြိမ်သောအခြေအနေ များကို စဉ်းစားသုံးသပ်ထား ကြောင်း ပင်စင်ခံစားခွင့် တိုးမြှင့် ရေးအဖွဲ့က ပြောသည်။
ယခုလို ခက်ခဲသည့်အချိန်တွင် ပင်စင်ခံစားခွင့်များကို တိုးပေး နိုင်ခဲ့သည့်အတွက် ပျော်ရွှင် ကြောင်း အဆိုပါအဖွဲ့က ပြော သည်။
နမီးဘီးယားနိုင်ငံသည် ဧပြီ လမှစကာ လောင်စာဆီဈေးနှုန်း များနှင့် ကုန်ဈေးနှုန်းများ မြင့်တက်လာမှုများနှင့် ရင်ဆိုင် ခဲ့ရသည်။
ဆင်ဟွာ