
မြစ်ကြီးနား မတ် ၃၁
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် စက်မှုဇုန်အတွင်းရှိ ဖြိုးဝေဝေစက္ကူနှင့် စာအုပ် ထုတ်လုပ်ရေးသမဝါယမအသင်း(လီမိတက်)သည် အသင်းသားများနှင့် ဖွဲ့စည်းထားရှိပြီး အသင်းသား များကိုယ်တိုင် စက္ကူထုတ်လုပ်သည့်လုပ်ငန်းတွင် လုပ်သားများအဖြစ် ပါဝင်လုပ်ကိုင် ဆောင်ရွက် လျက်ရှိသည်။
အသင်းအနေဖြင့် ပြည်နယ်အတွင်းရှိ အသုံးပြု ပြီးသည့် ရုံးသုံး၊ ကျောင်းသုံး စာရွက်ဟောင်းများ၊ သတင်းစာနှင့် ဂျာနယ်အဟောင်းများအား ကုန်ကြမ်း အဖြစ်ဝယ်ယူ၍ Recycle ပြုလုပ်ပြီး ၎င်းပျော့ဖတ် များဖြင့် စက္ကူကြမ်း/ ချော ထုတ်လုပ်ခြင်းနှင့် ကတ်ထူစက္ကူများ ထုတ်လုပ်ခြင်းကို ဆောင်ရွက် လျက်ရှိသည်။ ဘားဖြူစက္ကူကြမ်း/ချော၊ ဘားပြာ ကြမ်း/ ချော၊ ကတ်ထူစက္ကူများကို တစ်ရက်လျှင် တစ်တန်နှုန်း ထုတ်လုပ်နိုင်ပြီး ဒေသတွင်းစက္ကူလိုအပ် ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်