လန်ချန်း-မဲခေါင်ရုပ်သေးပွဲတော် ဖွင့်ပွဲအခမ်းအနား မန္တလေးမြို့ မြနန်းဘုံစံရတနာပုံခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပ

 

နေပြည်တော်   မတ်   ၃၀


မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းတစ်ခုဖြစ်သည့် လန်ချန်း-မဲခေါင်  ရုပ်သေးပွဲတော် (Puppet Festival of Lancang-Mekong) ဖွင့်ပွဲ အခမ်းအနားကို  ယနေ့နံနက်ပိုင်းက   မန္တလေးမြို့မြနန်းဘုံစံရတနာပုံခန်းမ၌    Virtual   စနစ်ဖြင့် ကျင်းပသည်။ 

 


အခမ်းအနားသို့  သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ မန္တလေး တိုင်းဒေသကြီး    လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊   မြန်မာနိုင်ငံဆိုင်ရာ    တရုတ်ပြည်သူ့သမ္မတနိုင်ငံ   သံအမတ်ကြီး  မစ္စတာချန်းဟိုင်၊  လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးကော်မတီနိုင်ငံခြားရေးဝန်ကြီးဌာနမှ        တာဝန်ရှိသူများ၊  လန်ချန်း-မဲခေါင် ရုပ်သေးပွဲတော်          ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(မန္တလေး)မှပါမောက္ခချုပ် ဦးအောင်ဆန်းဦး၊     ဒုတိယပါမောက္ခချုပ်များ၊   ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများ၊   မြန်မာနိုင်ငံ    ကိုယ်စားပြု ရုပ်သေးပညာရှင်ကြီးများနှင့်   တာဝန်ရှိသူများ၊   လန်ချန်း-မဲခေါင်     ဒေသတွင်းနိုင်ငံများဖြစ်သော  ကမ္ဘာဒီးယားနိုင်ငံ၊     တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လာအိုနိုင်ငံ၊    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ရုပ်သေးပညာရှင် များ တက်ရောက်ကြသည်။

 


အခမ်းအနားကို  အမှတ်စဉ်ရေတွက်၍ ဖွင့်လှစ် ခဲ့ပြီး    ပြည်ထောင်စုဝန်ကြီး  ဦးကိုကို  က     Virtual စနစ်ဖြင့် အဖွင့်နှုတ်ခွန်းဆက်စကား  ပြောကြားရာ တွင် မဲခေါင် - လန်ချန်း   မြစ်ဝှမ်းတစ်လျှောက် ရှေးယခင်ကတည်းက  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊   လာအိုနိုင်ငံ၊   ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့်  ဗီယက်နမ်နိုင်ငံ တို့သည်   မဲခေါင်မြစ်ကို  အမှီသဟဲပြု၍ အတူတကွ တည်ရှိခဲ့ကြပြီး     ဒေသတွင်းအဖွဲ့ဝင်နိုင်ငံများ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့်  ရိုးရာရုပ်သေး ပညာရပ်ကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် မြှင့်တင် ရေးတွင် ယခုခေတ် လူငယ်များသည်  ရိုးရာရုပ်သေး ပညာရပ်ကို စိတ်ဝင်စားမှုလျော့နည်းလာပြီး အခက်အခဲ အချို့ကို    ရင်ဆိုင်နေကြရသည့်အတွက်  ဒေသတွင်း နိုင်ငံများအနေဖြင့်       ရိုးရာရုပ်သေးပညာရပ်ကို မျှဝေရန်နှင့်   ရိုးရာဓလေ့များကို    ဒေသတွင်းနိုင်ငံ များနှင့်  လူငယ်များကို  အသိပညာမြှင့်တင်ပေးရန် လိုအပ်လျက်ရှိပါကြောင်း။

 


ထို့ကြောင့်  မဲခေါင် - လန်ချန်း   ဒေသတွင်းရှိ အဖွဲ့ဝင်ခြောက်နိုင်ငံမှ  ရုပ်သေးပညာရှင်များ ပါဝင် သည့် လန်ချန်း - မဲခေါင် ရုပ်သေးပွဲတော်ကို မတ် ၃၀ ရက်မှ   ၃၁ ရက်အထိ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန    အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာ တက္ကသိုလ် (မန္တလေး)တွင်    Virtual  စနစ်ဖြင့်  ယခုကဲ့သို့ လက်ခံကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း။

 


လန်ချန်း - မဲခေါင် ရုပ်သေးပွဲတော်သို့ မဲခေါင်- လန်ချန်း     ဒေသတွင်း  အဖွဲ့ဝင်ခြောက်နိုင်ငံမှ တစ်နိုင်ငံလျှင်     ရုပ်သေးပညာရှင်    ငါးဦးနှင့် ခေါင်းဆောင် တစ်ဦး          စုစုပေါင်း ခြောက်ဦးစီ ဖိတ်ကြားဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး  အဖွဲ့ဝင် ခြောက် နိုင်ငံမှ ရုပ်သေးပညာရှင်များ၏  ရုပ်သေးအကများ တင်ဆက်ကပြခြင်း၊   မိမိတို့နိုင်ငံ၏ ရုပ်သေးပညာ ဆိုင်ရာ   သရုပ်ပြမှုများ   ပြုလုပ်ခြင်းနှင့် စာတမ်း ဖတ်ကြားခြင်းများကို   ဆောင်ရွက်ကြမည်   ဖြစ်ပါ ကြောင်း။

 


ရုပ်သေးပွဲတော်မှတစ်ဆင့်  မဲခေါင် - လန်ချန်း ဒေသတွင်းနိုင်ငံများရှိ     အနုပညာရှင် လူငယ်များ အကြား အချင်းချင်း အပြန်အလှန်      ချစ်ခင်ယုံကြည်မှု တစ်ဦး၏ ယဉ်ကျေးမှုကို  တစ်ဦးက အပြန်အလှန် လေးစားတန်ဖိုးထားမှု၊   အချင်းချင်း   အတူတကွ ပူးပေါင်းဆောင်ရွက်တတ်မှု၊ အတွေးအမြင်သစ်များ အပြန်အလှန်  ဖလှယ်နိုင်မှုများ   တိုးတက်ရရှိပါစေ ကြောင်းနှင့်    ရုပ်သေးပွဲတော်    ကျင်းပသည့် ကဏ္ဍအားလုံး အောင်မြင်ပါစေရန်  ဆုမွန်ကောင်း တောင်းလိုက်ပါကြောင်း ပြောကြားသည်။

 


ဆက်လက်ပြီး         မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး   ဦးယဉ်ထွေး၊   မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ  သံအမတ်ကြီး မစ္စတာ  ချန်းဟိုင်နှင့်   မဲခေါင်-လန်ချန်း   ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက   ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားသည်။ 

 


ထို့နောက် မြန်မာ့ရုပ်သေးအက အစီအစဉ်များ ဖြစ်သော နတ်ကတော် အက၊  ဇော်ဂျီအက၊ အရုပ်နှင့် လူကကြိုးတူအကနှင့်    လန်ချန်း-မဲခေါင်  ဂုဏ်ပြု သီချင်း (ရုပ်သေးအက) တို့ဖြင့် တင်ဆက်ပြသခဲ့ကြပြီး မွန်းလွဲပိုင်းတွင်      သက်ဆိုင်ရာနိုင်ငံအသီးသီးမှ ရုပ်သေးပညာရှင်များက   မိမိတို့  ရုပ်သေးပညာရပ် များကို ဖော်ထုတ်ထိန်းသိမ်းကာ  ရုပ်သေးအနုပညာ အရည်အသွေးများ   မြင့်မားလာစေရန်နှင့်    ရိုးရာ ရုပ်သေးပညာများကို မြတ်နိုးလာစေရန် ဆောင်ရွက် နေခြင်းနှင့်ပတ်သက်၍ စာတမ်းများ    ဖတ်ကြား ဆွေး‌နွေးသည်။

 


လန်ချန်း-မဲခေါင်ရုပ်သေးပွဲတော်   (Puppet Festival of Lancang-Mekong) ကို   မတ် ၃၁  ရက် တွင်   ဒုတိယနေ့အဖြစ်   ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။               

သတင်းစဉ်