
နေပြည်တော် မတ် ၃၀
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုး များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁- ၂၀၂၂ မတ်လအထိ ခြောက် လဘဏ္ဍာနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံ ငွေကျပ် ၂၈၅ ဒသမ ၈၄၁ သန်း ဖြင့် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် ဇာဒက်ကြီး ကျွန်းပတ်လမ်း ၆၆/၀ မိုင်အနက် ၂/၀ မိုင် ကျောက်ခင်းခြင်းလုပ်ငန်း ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်း များရာနှုန်းပြည့် ပြီးစီးပြီဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိးမှုကြီးကြပ်ရေးရုံးမှ သိရသည်။
အဆိုပါ ဇာဒက်ကြီးကျွန်းပတ် လမ်း ၆၆/၀ မိုင်အနက် ၂/၀ မိုင် ကျောက်ခင်းခြင်း လုပ်ငန်းကို ၂၀၂၁ - ၂၀၂၂ ခြောက်လဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် ၂၈၅ ဒသမ ၈၄၁ သန်း ဖြင့် နယ်စပ်ရေး ရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၁ရက်က လုပ်ငန်း များ စတင်ဆောင်ရွက်ခဲ့ရာ မတ် ၉ ရက်တွင် လုပ်ငန်းများရာနှုန်း ပြည့် ပြီးစီးခဲ့သည်။
အဆိုပါ ကျွန်းပတ်လမ်းပိုင်း အား ဘဏ္ဍာရေးနှစ်အလိုက် အဆင့်မြှင့်တင်ဆောင်ရွက်ပေးခဲ့ ခြင်းဖြင့် ဇာဒက်ကြီးကျွန်းတွင် နေထိုင်လျက်ရှိသော အိမ်ခြေ ၁၈၇အိမ် လူဦးရေ ၇၅၄ ဦး အတွက် များစွာအကျိုးပြုသည့် လမ်းပိုင်းဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်