ဖျာပုံမြို့၌ စားအုန်းဆီတစ်ပိဿာလျှင် ၅၈၀၀ ကျပ်နှုန်းဖြင့် ဆီပိဿာချိန် ၂၇၀၀ ကျော်ရောင်းချပေးလျက်ရှိ

 

ဖျာပုံ မတ် ၃၀


ဧရာဝတီတိုင်းဒေသကြီး   ဖျာပုံခရိုင်     စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်   ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ဖျာပုံခရိုင်အတွင်းရှိ ပြည်သူများသက်သာသောစျေးနှုန်းဖြင့် စားအုန်းဆီ များ ဝယ်ယူစားသုံးနိုင်စေရန်ရည်ရွယ်၍  မတ် ၃၀ ရက် နံနက် ၇ နာရီက ဖျာပုံမြို့  မြို့မစျေးကြီးတွင် စားအုန်းဆီတစ်ပိဿာလျှင် ၅၈၀၀ ကျပ်နှုန်း ဖြင့် ဆီပိဿာချိန် ၂၇၅၀ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 


အဆိုပါ စားအုန်းဆီများ ရောင်းချပေးရာတွင်  စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့် ဝန်ထမ်းများ၊  မြို့နယ်စည် ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် မြို့နယ်ဆီလုပ်ငန်းရှင်များအသင်း မှ တာဝန်ရှိသူများက စျေးအတွင်းစားအုန်းဆီရောင်းချပေးနေမှုကို  ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။        

ခရိုင်(ပြန်/ဆက်)