ဗဟန်းမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

 

ရန်ကုန်   မတ်   ၃၀


ရန်ကုန်တိုင်းဒေသကြီး အနောက် ပိုင်းခရိုင်          ဗဟန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနက     အိမ် ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံ သား          စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ             ယနေ့နံနက်ပိုင်းက ဗဟန်းမြို့နယ်    ရေတာရှည် ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းတွင် ရပ်ကွက်နေ     ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း       သိရ သည်။

 


အဆိုပါ    ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ရန်ကုန်     အနောက်ပိုင်းခရိုင် မြို့နယ်       လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား       ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင် ဇော်မိုးက        လက်မှတ်များ‌ ပေးအပ်‌ဆောင်ရွက်ခဲ့မှု    အ‌ခြေ အနေများကို ရှင်းလင်းပြောကြား သည်။

 


ထို့နောက်    ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ က အသက်(၁၀)နှစ်ပြည့် နိုင်ငံသား ကတ်လျှောက်ထားသူ   ၃၁  ဦး၊ အသက်(၁၈)နှစ်အထက် နိုင်ငံသား ကတ်လျှောက်ထားသူ    နှစ်ဦး၊      နိုင်ငံသားကတ်အသစ်     လဲလှယ် လျှောက်ထားသူ ၁၆ ဦး၊ နိုင်ငံသား ကတ် ပျောက်/ပျက်မိတ္တူဆောင် ရွက်သူ ၁၅ ဦးတို့အား နိုင်ငံသား ကတ်ပြားများနှင့်   အိမ်ထောင်စု စာရင်းတို့ကို သတ်မှတ်စည်းကမ်း များနှင့်အညီ     ဆောင်ရွက်ပေး သည်။

 


ထိုသို့      ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်   နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်း   ဆောင်ရွက်ခြင်းကို မြို့နယ်     စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ           ဦးအောင်ကိုလတ်နှင့်   တာဝန်ရှိသူများ၊    မြို့နယ်ဌာန ဆိုင်ရာများမှ    တာဝန်ရှိသူများ နှင့်     ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့က       လုပ်ငန်းအဆင်ပြေ ချောမွေ့စေရန်      ဝိုင်းဝန်းကူညီ ခဲ့ကြကြောင်း  သိရသည်။                  


အာကာလင်း