ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်တွင် ပြိုင်ပွဲဝင်ရန် ယိမ်းအဖွဲ့များ ဧပြီ ၄ ရက်အထိ စာရင်းပေးသွင်း လျှောက်လွှာတင်သွင်းနိုင်

 

ရန်ကုန်   မတ်   ၃၀


မြန်မာသက္ကရာဇ်    ၁၃၈၃ ခုနှစ်   မဟာသင်္ကြန် ရေသဘင်ပွဲတော် ရန်ကုန်မြို့တော် မဟာသင်္ကြန် မဏ္ဍပ်၌ ယိမ်းအကပြိုင်ပွဲများကို ယခင်နှစ်များ နည်းတူ   ကျင်းပမည်ဖြစ်ရာ  ယိမ်းပြိုင်ပွဲများကို  ၁၂ ဦး ယိမ်း (မူကြိုကျောင်းများ)၊  ၁၂ ဦး ယိမ်း (ကျောင်းများ)၊  ၁၂ ဦးယိမ်း (ရုံး/အခြားဌာနများ)၊  ၁၆ ဦး ယိမ်း(ကျောင်းများ)၊ ၁၆ ဦးယိမ်း( ရုံး/အခြား ဌာနများ)၊ ဦး ၂၀ ယိမ်း(အလွတ်တန်း)၊ ၁၂ ဦး ယိမ်း (ကျား)  (အလွတ်တန်း)၊   တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကများ အပါအဝင် ကျင်းပပေးမည် ဖြစ်ကြောင်း၊   ပြိုင်ပွဲဝင်မည့်   အသင်းများသည် ရုံးချိန်အတွင်း  ဗိုလ်တထောင်မြို့နယ်  ၄၆ လမ်း (၁၂)ထပ်ခွဲရုံး (၁၀)လွှာရှိ ရန်ကုန်မြို့‌တော် စည်ပင် သာယာရေးကော်မတီ  အင်ဂျင်နီယာဌာန (ရေစီး ရေလာစီမံခန့်ခွဲမှု)တွင် မတ်  ၃၁ ရက် အစား ဧပြီ ၄  ရက်   နောက်ဆုံးထားပြီး   စာရင်းပေးသွင်းနိုင် ကြောင်း သိရသည်။

 


အသေးစိတ်သိလိုသော အချက်အလက်များကို ရန်ကုန်မြို့တော်   စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန  (ရေစီးရေလာစီမံခန့်ခွဲမှု)သို့ လူကိုယ်တိုင်ဖြစ်စေ၊   ဒုတိယဥက္ကဋ္ဌ၊  အကဲဖြတ် လုပ်ငန်းဆပ်ကော်မတီ ၀၉-၅၁၀၃၂၈၇၊ အတွင်း ရေးမှူး၊       အကဲဖြတ်လုပ်ငန်းဆပ်ကော်မတီ   ၀၉-၅၀၂၇၉၉၀၊ အကဲဖြတ်လုပ်ငန်းဆပ်ကော်မတီ ရုံးအဖွဲ့  ၀၁-၂၀၁၄၅၉   လိုင်းခွဲ(၂၈၂)၊  (၂၈၆)  သို့   ဆက်သွယ်နိုင်ကြောင်း သိရသည်။                                                                      

သတင်းစဉ်