သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ်၊ လူရွှင်တော်အသင်းနှင့် ကိုလူချောအဖွဲ့တို့မှ မိသားစုများ ပါဝင်ယှဉ်ပြိုင်မည်

 

နေပြည်တော်    မတ်   ၃၀


သုတဝေဖြာသီရိဂေဟာ   မိသားစုပြိုင်ပွဲ    အသိပညာပေးအစီအစဉ်   (Family Quiz)   ပွဲစဉ်(၆၀)ကို    ဧပြီ ၁ ရက်တွင်   မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV–HD Channel မှ ဆက်လက်ထုတ်လွှင့်မည် ဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေးအစီအစဉ်ကို အစီအစဉ် တင်ဆက်သူ   စိုးသီဟနှင့်  Jနောတို့က  တင်ဆက်ကြမည်ဖြစ်ပြီး လူရွှင်တော်အသင်းနှင့်   ကိုလူချောတို့အဖွဲ့မှ   မိသားစုများ   ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပြိုင်ပွဲများကို  ဧပြီ ၁၊ ၂၊ ၃ ရက်များတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV HDမှ ညနေ ၆ နာရီ သတင်း အပြီးတွင် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်