
နေပြည်တော် မတ် ၃၀
ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေး အစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ “ပြည်ထောင်စုဖလား ညီနောင်များအငြိမ့်” ဖျော်ဖြေပွဲကို ဧပြီ ၂ ရက် (စနေနေ့) ည ၈ နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။
ယင်းဖျော်ဖြေမှုကို လူရွှင်တော် ဒိန်းဒေါင်က စီစဉ်ပြီး ဟာသမင်္ဂလာ ရွှေဆိုင်းတော်အဖွဲ့၏ တီးခတ်မှုနှင့်အတူ ခေါင်းဆောင်မင်းသမီး နေခြည်ငြိမ်းချမ်း၊ ရှေ့ထွက်မင်းသမီး ဖူးဧကရီဆောင်း၊ လူရွှင်တော်များ ဖြစ်ကြသည့် ဖြိုးကျော်၊ ပေါက်ကျော်၊ ရွှေကျား၊ ရွှေကောင်း၊ ဖြိုးကြွယ် နှင့် ကော်ဖီတို့က ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။
ထိုသို့ တင်ဆက်မှုကို ဧပြီ ၃ ရက် (တနင်္ဂနွေနေ့) မွန်းလွဲပိုင်း National News အင်္ဂလိပ်ဘာသာ သတင်းအစီအစဉ်အပြီးတွင် ဒုတိယအကြိမ် ထမ်မံ ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်