
ရန်ကုန် မတ် ၃၀
The Global Alliance for Vaccine and Immunization-GAVI (COVAX Facility) အဖွဲ့မှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် CoronaVac (Sinovac) အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေး ၂,၂၄၂,၈၀၀ doses သည် လေကြောင်းပျံသန်းအမှတ် Sichuan Airlines 3 U 3929 ဖြင့် ယနေ့ ညနေ ၄ နာရီခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိရာ တာဝန်ရှိသူများကစစ်ဆေး၍ စနစ်တကျ လက်ခံသည်။
အဆိုပါ ကာကွယ်ဆေးများကို အအေးလမ်းကြောင်းမပျက် ထိန်းသိမ်းထားရှိ၍ ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက် ရှိသည့် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် အသုံးပြု ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်