
မော်စကို၊ ကိယက်ဗ် မတ် ၃၀
ရုရှားနှင့် ယူကရိန်းကိုယ်စားလှယ်အဖွဲ့များသည် တူရကီတွင် မတ် ၂၉ ရက်က အပြုသဘောဆောင်သည့် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။ ထိုသို့လုပ်ဆောင်ခြင်းက လတ်တလောဖြစ်ပေါ်နေသော ပဋိပက္ခ ကို ဖြေရှင်းနိုင်ရေး ထင်သာမြင်သာရှိသည့် လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။
အစ္စတန်ဘူလ်တွင် သုံးနာရီခန့်ကြာခဲ့သော ငါးကြိမ်မြောက်ဆွေးနွေးမှု သို့မဟုတ် လေးကြိမ် မြောက် မျက်နှာစုံညီအစည်းအဝေးတွင် နှစ်ဖက် အဖွဲ့များသည် တင်းမာမှုမှ ရုန်းထွက်နိုင်မည့် ဖြစ်နိုင်သော အကောင်းဆုံးနည်းလမ်းများရှာဖွေ ရာတွင် နောက်ဆုံးတွင်လည်း တိုးတက်မှုများ ရရှိဖြစ်ထွန်းခဲ့ပြီဖြစ်သည်။
ညှိနှိုင်းဆွေးနွေးမှုများကို ဗီဒီယိုလင့်ခ်မှတစ်ဆင့် ဆက်လက်ပြုလုပ်သွားဦးမည်ဖြစ်ကြောင်း ဒေသ တွင်း မီဒီယာများက ဖော်ပြထားသည်။ နှစ်နိုင်ငံ ကြား ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်ဖြစ်ပေါ် နေမည်ဆိုပါက စစ်ရေးဆိုင်ရာပဋိပက္ခတင်းမာ မှုများ တဖြည်းဖြည်းလျော့နည်းလာမည်ဟု တချို့ လေ့လာသုံးသပ်သူများက ယုံကြည်ထားကြသည်။
ထို့အတူ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီ ကလည်း သူ့အနေဖြင့် ယူကရိန်းနှင့် ရုရှား ငြိမ်းချမ်း ရေး ဆွေးနွေးမှုတွင် တိုးတက်မှု အရိပ်အယောင် များ တွေ့ခဲ့ကြောင်း ပြောသည်။
မတ် ၂၉ ရက် ဆွေးနွေးပွဲပြီးနောက် ယူကရိန်း ကိုယ်စားလှယ်အဖွဲ့မှ ဒေးဗစ် အာရာခါမီယာက ယူကရိန်းတွင် ဖြစ်ပွားနေသော ပဋိပက္ခကို အဆုံး သတ်ရန် ကိယက်ဗ်သည် လုံခြုံရေးအာမခံချက် အတွက် နိုင်ငံတကာ စာချုပ်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးရန် တောင်းဆိုထားကြောင်း ပြောကြားလိုက်သည်။
ဆင်ဟွာ